APM၊ နိုဗမ်ဘာ ၁၆/၂၀၂၂
ကျောက်တော်မြို့နယ်တွင် ဒေနိ (နိုဗမ်ဘာ ၁၆ ရက်) မိုးထ ၁၁ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ရောက်ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၃ ယောက် ပွဲချင်းပြီးသီဆုံးကာ နောက်ထပ် ၃ ယောက်လေ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရဟိလားကြောင်းသိရသည်။
ပွဲချင်းပြီး သီဆုံးသူ ၃ ယောက်မှာ ကျောက်တော်မြို့နယ် ချောင်းတူရွာမှ ဦးဦးခင်မောင်(၅၅နှစ်) ၊ ဦးအောင်ကြီးမောင်(၅၃နှစ်)နန့် ဦးဖြူသာထွန်း(၆၀နှစ်)ရို့ဖြစ်ကတ်ပြီး ဒဏ်ရာရလားသူ ၃ ယောက်မှာ မအေးနုရီ(၁၄နှစ်)၊ ဒေါ်ဝေသာစိန်(၅၄နှစ်)နန့် ဦးမောင်မောင်ထွေး(၅၀နှစ်)ရို့ ဖြစ်ကတ်သည်။
ဒေနိ မိုးထ ၁၁ နာရီ ခန့်မှစ၍ ချောင်းတူရွာအပါအဝင် အနီးအနားကျေးရွာကို ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် အခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၃၉) တပ်ရင်းမှ လက်နက် ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နီခြင်းဖြစ်သည်၊
ယင်းလက်နက်ကြီးကျည်သည် ချောင်းတူရွာဟိ ဦးဦးခင်မောင်၏ နီအိမ်သို့ ကျရောက် ပေါက်ကွဲခ၍ အိမ်ထဲတွင် ဟိနီသည့် ဦး ဦးခင်မောင်၊ ဦးအောင်ကြီးမောင်နန့် ဦးဖြူသာထွန်းရို့ နီရာ၌ပင် သီဆုံးလားပြီး၊ မအေးနုရီ၊ဒေါ်ဝေသာစိန်နန့် ဦးမောင်မောင်ထွေးရို့ ဒဏ်ရာရဟိလားကာ ဦးမောင်မောင်ထွေးမှာတော့ ဒဏ်ရာပြင်းထန်သည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
လက်ဟိအချိန်ထိလေ့ ယင်း ခမရ(၅၃၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နီဆဲဖြစ်ပြီး ချောင်းတူရွာအပါအဝင် လူနီရပ်ရွာများအနားတွင် ကျရောက်က်ပေါက်ကွဲလျက်ဟိပြီး ရွာသားထွက်ဗြီးနီကတ်သည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ လက်နက်ကြီးများ၊ ဂျက်တိုက်လီယာဉ်များ၊ စစ်ရဟတ်ယာဉ်များနန့် ဒရုန်းများ ဖြင့် အပြစ် မဲ့ပြည်သူ များ နီထိုင်ရာရပ်ရွာများသို့ ရည်ရွယ်ချက် ဟိဟိနိစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နီသည့်အပြင် နီအိမ်များအား မီးတိုက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးပြုခြင်းများကိုပါ တစိုက်မတ်မတ် ပြုလုပ်လျက်ဟိကြောင်း သိဟိရသည်။