APM၊ နိုဗမ်ဘာ ၁၆/၂၀၂၂
နိုဗမ်ဘာ ၁၅ ရက်နိ၌ သံတွဲမြို့နယ်မှ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းယူလားကြောင်း သိရသည်။
အဖမ်းခံရသူများမှာ သံတွဲမြို့နယ်၊ ဥယာဉ်ပြင်ရွာမှ ဦးချီးလူးအောင်၊ ဦးအောင်သန်းထွန်း၊ ဦးဖြိုးဝင်းဇော်၊ ကျောက်ကြီးပြင်ရွာမှ ဦးကျော်သိန်း နန့် သံတွဲမြို့၊ ဗောဓိကုန်းရပ်ကွက်မှ ဦးထင်လင်းကျော် ရို့ဖြစ်ကတ်သည်။
ယင်းအထဲမှ ဦးချီးလူးအောင်၊ ဦးအောင်သန်းထွန်း၊ ဦးဖြိုးဝင်းဇော်နန့် ဦးကျော်သိန်းရို့ကို နိုဗမ်ဘာ ၁၅ ရက်နိ ညဇာ ၄ နာရီ၌ ဥယာဉ်ပြင်ရွာသို့ ရောက်ဟိနီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်က နီအိမ်အတွင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
ဦးထင်လင်းကျော်ကိုတော့ နိုဗမ်ဘာ ၁၅ ရက်နိ ညည့် ၁၁ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းအပြင် နိုဗမ်ဘာ ၁၅ ရက်နိ နိခင်း ၁ နာရီခန့်ကလေ့ ငပလီအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၆၆) တပ်ရင်းမှ ဗိုလ်မှူးကြီး သက်ရွှေဝင်းက သံတွဲမြို့နယ်ဟိ အုပ်ချုပ်ရီးမှူး အယောက် ၇၀ ခန့်ကို မြို့နယ် ရယကရုံးအတွင်း အစည်းဝေးခေါ်ယူလျက် သံတွဲမြို့နယ်အတွင်းမှ အုပ်ချုပ်ရီးမှူး အယောက် ၅၀ ခန့်အား ဖမ်းဆီးမည်ဖြစ်ကြောင်းနန့် ULA/AA၏ လှုပ်ယှားမှုများကို သတင်းမပို့ပါက ဖမ်းဆီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခသိမ့်သည်။
စစ်ကောင်စီသည် စပ်တမ်ဘာ ၁၉ ရက်နိမှ နိုဗမ်ဘာ ၁၅ ရက်နိအထိ ကာလအတွင်း သံတွဲမြို့နယ်၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စီးပွားရီးလုပ်ငန်းသျှင်များ၊ ပရဟိတသမားများ အပါအဝင် အပြစ်မဲ့ပြည်သူ ၂၈ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားသဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။