APM၊ စပ်တမ်ဘာ ၁၆/ ၂၀၂၃
ထိုင်ဝမ်ကို လက်နက်တင်ပိုရောင်းချနီရေ အမေရိကန်ကုမ္ပဏီနှစ်ခုဖြစ်တေ Lockheed Martinနန့် Northrop Grumman ကို ဒဏ်ခတ်ပိတ်ဆိုအရေးယူကြောင်း တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က စပ်တမ်ဘာ ၁၅ရက်နိမာ ကြေညာပါရေ။
အမေရိကန်ရေ တရုတ်၏ဆန့်ကျင်မှုကိုဂရုမစိုက်ဘဲ ထိုင်ဝမ်သို့လက်နက်တိတင်ပို့နီစွာက တရုတ်-အမေရိကန်ရို့အကြား စည်း
မျဉ်းတိ၊ နိုင်ငံတကာ ဥပဒေတိနန့် နိုင်ငံတကာ ဆက်ဆံရီး အခြီခံစံနှုန်းတိကို ချိုးဖောက်စွာဖြစ်ပြီးကေ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနန့် လုံခြုံရီးအကျိုးစီးပွားကို ပျက်ပြားစီရေလို့ မော်နင်က နိစဉ်သတင်း စာယှင်းလင်းပွဲမှာ ပြောကြားခစွာပါ။
Lockheed Martin ကုမ္ပဏီစွာ ကုန်ခရေ ဩဂတ်စ် ၂၄ ရက်နိက ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုမှာ အဓိက ကန်ထရိုက်တာဖြစ်ပြီးကေ Northrop Grumman ကုမ္ပဏီစွာလည်း လက်နက်ရောင်းချမှုမှာ အကြိမ်ကြိမ်ပါဝင်ခရေလို့ ဆိုပါရေ။
ယင်းကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားဒဏ်ခတ်အရေးယူမှု တိုက်ဖျက်ရီးဥပဒေနန့်အညီ အဆိုပါ အမေရိကန်လက်နက် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြောကြားခပါရေ။
Source China to impose sanctions on two U.S. companies over Taiwan arms sales
Photo – Bloomberg News