APM ၊ စပ်တမ်ဘာ ၁၆ / ၂၀၂၃
ဘီလာရုသမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက ရုသျှား၊ မြောက်ကိုရီးယားရို့နန့် သုံးနိုင်ငံပူးပေါင်းဖို့လို့ စပ်တမ်ဘာ ၁၅ ရက်နိ ရုသျှနိုင်ငံ၊ ဆိုချီမြို့မာ ပြုလုပ်ကျင်းပခရေ ရုသျှ-ဘီလာရုစ် ထိပ်သီးအစည်းအဝေးမာ ပြောဆိုခကြောင်း သိရပါရေ။
ရုသျှသမ္မတ ပူတင်နန့် မြောက်ကိုရီးယားဂေါင်းဆောင် ကင်ဂျုံအန်းရို့ ယူကရိန်းမာ ရုသျှစစ်ပွဲကို ဆက်ထိန်းထားဖို့ လက်နက် သဘောတူညီချက်ကို ညှိနှိုင်းနီရေလို့ သတင်းတိထွက်နီစွာမာ ဘီလာရုစ်သမ္မတပါ သုံးနိုင်ငံပူးပေါင်းဖို့လို့ ထုတ်ဖော်ပြောဆို လာစွာဖြစ်ပါရေ။
ဘီလာရုစ်သမ္မတနန့် ရုသျှသမ္မတပူတင်ရို့ ဒေဂုနှစ်အတွင်း ၇ ကြိမ်မြောက် တွိဆုံမှုအဖြစ် ဆိုချီမြို့မာ တွိဆုံဆွေးနွေးခကတ်ဖြစ်ပြီးကေ ပူတင်နန့် ကင်ဂျုံအန်းရို့ဆွေးနွေးမှုတိကိုလည်းအကျဉ်းချုပ်ဆွေးနွေးခကတ်တေလို့ သိရပါရေ။
ပူတင်နန့် ကင်ဂျုံအန်းရို့ရေ ဒေအပတ်အစောပိုင်းက ရုသျှနိုင်ငံဟိ Vostochny Cosmodrome မြို့မာ တွိဆုံခကတ်ပြီးကေ လက် နက်သဘောတူညီချက်တချို့ လုပ်ခကတ်တေလို့ အမေရိကန်နန့် အနောက်မဟာမိတ်နိုင်ငံတိက စိုးရိမ်မှုတိဖြစ်နီပါရေ။
ရုသျှသမ္မတပူတင်ကတော့ ကုလသမဂ္ဂက တားမြစ်ထားရေ လက်နက်ကုန်သွယ်မှုကို ချိုးဖောက်ဖို့မဟုတ်ကြောင်းနန့် မြောက် ကိုရီးယားနန့် ဆက်ဆံရီးတိုးတက်ဖို့ အခွင့်အလမ်းကို ရှာဖွီလားဖို့ဖြစ်ကြောင်း ပြောကြားထားပါရေ။
ယေကေလေ့ ရုသျှစွာ မြောက်ကိုရီးယားဘားက လက်နက်ခဲယမ်းတိရဖို့ ကြိုးပမ်းနီရေလို့ အမေရိကန်နန့် မဟာမိတ်တိက ယုံကြည်နီပြီးကေ တချိန်တည်းမာ ဘီလာရုစ်ကလည်း ရုသျှကို ဓာတ်ဆီတန်ချိန် ၆၀,၀၀၀ နန့် ဒီဇယ်တန်ချိန် ၆၀,၀၀၀ ကို မကြာခင်က ထောက်ပံ့ပီးခပါရေ။
မြောက်ကိုရီးယားဂေါင်းဆောင် ကင်ဂျုံအွန်းရေ စပ်တမ်ဘာ ၁၅ ရက်နိက နောက်ဆုံးပေါ် ရုသျှတိုက်လီယာဥ်တိကို လားရောက် ကြည့်ရှုခပြီး ဒေနိ(စပ်တမ်ဘာ ၁၆ ရက်နိ)မာ ရုသျှပစိဖိတ်ရီယာဥ်စု စစ်သင်္ဘော တိနန့် တက္ကသိုလ်တိကို လားရောက်ဖို့လို့ သိဟိရပါရေ။
Source Belarus leader proposes three-way cooperation with Russias Putin and North Koreas Kim
Photo – AP