
APM၊ စပ်တမ်ဘာ ၁၆/ ၂၀၂၃
မလေးသျှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူမာ ဒေနိ(စပ်တမ်ဘာ ၁၆)နိ၊ နိခင်းပိုင်းက အကျင့်ပျက်ခြစားမှုတိနန့် စွဲချက်တင်ခံထားရရေ ဒုတိယဝန်ကြီးချုပ်၏ စွဲချက်တိကို ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က လွတ်မြောက်အောင် ကူညီပီးခရေဆိုပနာ ရာနန့် ချီရေလူတိ ဆန့်ကျင်ဆန္ဒပြခကတ်ကြောင်း သိရပါရေ။
အစိုးရရှိနီတိက အကျင့်ပျက်ခြစားမှုစွဲချက် ၄၇ ခုနန့် စွဲချက်ခံထားရရေ ဒုဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီကို ကုန်ခရေ စပ်တမ်ဘာ ၄ ရက်နိမာ အမှုအားလုံးကို ရုတ်သိမ်းခရေနောက် အဂုပိုင် ကန့်ကွက်ဆန္ဒပြမှုတိ ဖြစ်ပေါ်လာစွာပါရေ။
ဆန္ဒပြသမားတိက အန်ဝါအစိုးရရေ အာမက်ဇာဟစ်ကို စွဲချက်တိက လွတ်မြောက်အောင် စွက်ဖက်ခကြောင်း စွပ်စွဲပြောဆို ခကတ်ပြီးကေ ပြုပျင်ပြောင်းလဲမှုသီယာ၊ အကျင့်ခြစားမှုကို တိုက်ဖျက်ပါဆိုပနာ ကြွီးကြော် ချီတက်ခကတ်ပါရေ။
အန်နဝါအစိုးရရေ ပြည်သူတိအပေါ် ပီးထားရေကတိတိကို မဖြည့်ဆည်းပီးကြောင်း အထူးသဖြင့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရီး ရပ်တည်ချက်ကို ပျက်ယွင်းခကြောင်း ဆန္ဒပြသမားတိက ဆိုပါရေ။
အန်ဝါအစိုးရကတော့ ဒုတိယဝန်ကြီးချုပ်အမှုမာ ဝင်ရောက်စွက်ဖက်မှုမဟိကြောင်း ငြင်းဆိုထားပြီးကေ နောက်ထပ်စုံစမ်းစစ်ဆီးမှုတိ လိုအပ်တေအတွက် အမှုကို ရပ်ထားစွာလို့ ပြောကြားထားပါရေ။
Source – Hundreds protest against the Malaysian government after deputy premiers graft charges were dropped
Photo – AP
