
APM ၊ စပ်တမ်ဘာ ၁၆ /၂၀၂၃
ကုန်ခရေ စပ်တမ်ဘာ ၁၅ ရက်နိက ပျံလွန်တော်မှုလားခရေ ရက္ခိုင်စာပီဆု သုံးဆုသျှင် ရဟန်းစာဆို အသျှင်သိရိန္ဒ (ရိုးနွယ်-ကျောက်ဖြူ)၏ ကြွင်းကျန်ရေ ရုပ်ကလပ်ကို နက်ဖြန် (စပ်တမ်ဘာ ၁၇ ရက်နိ)၊ ညဇာ ၃ နာရီ ကျောက်ဖြူမြို့ သင်္ချိုင်းမာ သင်္ဂြိုလ်လားဖို့လို့သိရပါရေ။
ရဟန်းစာဆို ရိုးနွယ်(ကျောက်ဖြူ)စွာ ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာဇာတိဖြစ်ပြီးကေ စပ်တမ်ဘာ ၁၅ ရက်နိ ညဇာ ၈ နာရီ လောက်က သီတင်းသုံးနီထိုင်ရာကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ သိမ်တောင်ကျောင်းမာ အသည်းကင် ဆာရောဂါနန့်ပျံလွန်တော်မူလားခပါရေ။
အသျှင်စွာ ဘဝနတ်ထံ ပျံလွန်တော်မူချိန်မာ သက်တော် ၃ဝ၊ ဝါတော် ၁ဝ ဟိရေလို့လို့ သိရပါရေ။
ရဟန်းစာဆို ရိုးနွယ်(ကျောက်ဖြူ)စွာ ရက္ခိုင်စာပီဆုတိထဲမာ အကြီးဆုံးစာပီဆုဖြစ်တေ တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲက ဆောင်းပါးဆု (ပထမဆု)ကို ၂ဝ၂၁ ခုနှစ်ကလည်းကောင်း၊ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရီး ဖောင်ဒေးသျှင်းစာပီဆုပြိုင်ပွဲက ကဗျာဆု(ပထမဆု)ကို ၂ဝ၂ဝ ပြည့်နှစ်က လည်းကောင်း၊ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရီးဖောင်ဒေးသျှင်းစာပီဆုပြိုင်ပွဲက ကဗျာနှစ်သိမ့်ဆုကို ၂ဝ၁၉ ခုနှစ်တွင်လည်းကောင်း အသီးသီး ဆွတ်ခူးရဟိထားပါရေ။
အလားတူ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်တိဖြစ်တေ သာသနဓဇ ဓမ္မာစရိယ၊ ဗုဒ္ဓသာသနဓမ္မရက္ခိတဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ၊ အမျိုးသားပထမကျော် စရေဘွဲတံဆိပ်တော်တိကိုလည်း ဆက်ကပ်ခံခရရေလို့လည်း သိဟိရပါရေ။
