
APM၊ ဩဂတ်စ် ၁၆ / ၂၀၂၃
အာဆင်နယ်အသင်းသည် ဘရန့်ဖို့ဒ်အသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ရာယာကို တရာသီ အငှားစာချုပ်နန့် ခေါ်ယူလိုက် ကြောင်း ဩဂတ်စ် ၁၅ ရက်နိတွင် တရားဝင် ကြေညာသည်။
အဆိုပါစာချုပ်တွင် အာဆင်နယ်အသင်းသည် ဂိုးသမားအတွက် အငှားခေါ်ယူကြေး ပေါင် ၃ သန်းအပြင် လာမည့်ရာသီတွင် အပြီးသတ်ပြောင်းရွှိကြေး ပေါင် ၂၇ သန်း ဖြင့်ခေါ်ယူရန် ရွီးချယ်ခွင့်ပါဟိသည်။
“အာဆင်နယ်အသင်းကနီ ဒေးဗစ်ရာယာကိုကြိုဆိုပါရေ။ ဒေးဗစ်က ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ဟိပြီး ကေ အရည် အသွီးဟိရေ ထိပ်တန်းဂိုးသမားတယောက်ပါ။ သူ့က ကျနော်ရို့အသင်းကို ဒေထက်ပိုအောင်မြင်အောင် စွမ်းဆောင်ပီးနိုင် ဖို့လို့ထင်ပါရေ” ဟု အာဆင်နယ် အာကဇတ်ဒါရိုက်တာ အီဒူးက ဆိုသည်။
အသက် ၂၇ အရွယ် ဒေးဗစ်ရာယာသည် ကုန်ခသည့် ၂၀၁၉ ခုနှစ်တွင် ဘရန့်ဖို့ဒ် အသင်းသို့ ရောက်ဟိလာပြီး အသင်းတွင် ပွဲပေါင်း ၁၆၁ ပွဲ ကဇတ်ရာ clean sheets (၁၂) ကြိမ်ပြုလုပ်ထားသည်။
Source – Arsenal Sign Brentford Goalkeeper David Raya On Initial 3m Loan
Photo – Arsenal.com
