
APM၊ ဩဂတ်စ် ၁၆ / ၂၀၂၃
ချန်ပီယံသျှိကလပ် လက်စတာစီးတီးအသင်းသည် ချဲလ်ဆီးအသင်းမှ အီတလီကွင်းလယ်လူ ကာဆာဒီ ကို တရာသီအငှားဖြင့် ယူလိုက်ကြောင်း ဩဂတ်စ် ၁၅ နိတွင် တရားဝင် ကြေညာသည်။
လက်စတာစီးတီးအသင်းမှာ ပါဝင်ကဇတ်ရဖို့ဖြစ်လို့ ကျနော်ဝမ်းသာပါရေ။ ကျနော့်အနီနန့်လေ့ အသင်းမှာ အောင်မြင်မှုတိရဖို့အတွက် အကောင်းဆုံးကြိုးစားလားပါဖို့ ဟု ကာဆာဒီ က ပြောကြားခသည်။
ကာဆာဒီ သည် ဒေဂုနွီရာသီအပြောင်းအရွှိကာလအတွင် ချဲလ်ဆီးအသင်းဖက်မှ အငှားထွက်ကဇတ်သည့် ၉ ယောက်မြောက်ကဇတ်သမားဖြစ်သည်။
အသက် ၂၀ အရွယ် ကာဆာဒီသည် ကုန်ခသည့် ၂၀၂၂ ခုနှစ် ဩဂတ်စ်လတွင် အင်တာမီလန်အသင်းမှ ချဲလ်ဆီးအသင်းသို့ရောက်ဟိလာပြီး၊ ချဲလ်ဆီးမှတဆင့် ရီဒန်းအသင်းသို့ အငှားဖြင့်လား ရောက်ကဇတ်ခရာ ပွဲပေါင်း ၁၅ ပွဲတွင် ၁ ဂိုးသွင်းယူပီးခသည်။
Source Chelsea youngster Cesare Casadei completes Leicester City loan move
Photo 101 Great Goals
