
APM၊ ဩဂတ်စ် ၁၆/ ၂၀၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒတ်ချ်ပြည်နယ်နန့် အက်ထရာခန်ပြည်နယ်ရို့တွင် ကုန်ခသည့် ဩဂတ်စ် ၁၃ ရက်နိညည့်မှစ၍ မိုးအဆက်မပြန်ရွာသွန်းနီရာ ရီကြီးမြီပြိုမှုများကြောင့် ဩဂတ်စ် ၁၅ရက်နိအထိ သီဆုံးလူ ၆၆ ယောက်ဟိလာကြောင်း သိရသည်။
ဟီမာချယ်ပရာဒတ်ချ်ပြည်နယ်တခုတည်းတွင် မိုးကြီးမြီပြိုမှုကြောင့် လူသီဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း လူ ၆၀ သီဆုံးခသည် ဟု ပြည်နယ်ဝန်ကြီးချုပ် ဆုခ်ဘင်ဒါဆင်းဂ်ဆူခူက ဆိုသည်။
ရီကြီးမြီပြိုမှုများသည့်ဆက်လက်ဖြစ်ပေါ်နီသည့်အတွက် နီအိမ်များပြိုကျပျက်စီးမှုများဟိကာ ထိခိုက်ဒဏ်ရာရလူ အများအပြားဟိပြီး ပိတ်မိနီလူများကို ကယ်ဆယ်ရီးသမားများက ဆက်လက်ရှာဖွီနီသဖြင့် သီဆုံးလူအရေအတွက် တိုးလာနိုင်သည်ဟုလေ့ ၎င်းက ပြောကြားကည်။
ရာသီဥတုဆိုးရွားမှုကြောင့် ပြည်နယ်အတွင်းဟိ စာသင်ကျောင်းများနှင့် ကောလိပ်အားလုံးကို ဩဂတ်စ် ၂၀ ရက်နိအထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ပညာရီးဝန်ကြီးဌာနမှ ထုတ်ပြန်ခသည်။
အလားတူ အက်ထရာခန်ပြည်နယ်တွင်လေ့ မိုးကြီးမြီပြိုမှုများကြောင့် သီဆုံးလူ ၆ ယောက်ဟိလာပြီး မြီပြိုမှုအတွင်း ပျောက်ဆုံး နီလူ ၇ ယောက်ဟိနီရာ အာဏာပိုင်များက သီဆုံးလားသည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယမိုးလီဝသဌာနက ဟီမာချယ်ပရာဒတ်ချ်တွင် နောက်နှစ်ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်ပြီး အက်ထရာခန် ပြည်နယ် တွင် လာမည့် လေးရက်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်သည့်အတွက် ရီကြီးမြီပြိုမှုများ ထပ်မံ ဖြစ်ပေါ်နိုင် ကြောင်း သတိပီးချက် ထုတ်ပြန်ထားသည်။
Source – 66 dead in rain fury in Himachal, Uttarakhand; houses collapse in Shimla, Joshimath
Photo – PTI


