APM ၊ သြဂတ်စ် ၁၆ / ၂၀၂၃
ချန်ပီယံလိဂ်ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရထားသည့် ဘွန်ဒက်စ်လီဂါကလပ် ယူနီယံဘာလင်အသင်းသည် အင်တာမီလန်အသင်း၏ ဂျာမနီကွင်းလယ်ကဇတ်သမား ရော်ဘင်ဂိုဆင် ကို ခေါ်ယူလိုက်ကြောင်း သြဂတ်စ် ၁၅ ရက်နိက ပြောကြားသည်။
ယူနီယံဘာလင်အသင်းသည် အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကဇတ်သမားအတွက် ကလပ်စံချိန်တင်ပြောင်းရွှိကြေး ယူရို ၁၅ သန်း (ဒေါ်လာ ၁၆.၃၅ သန်း) ပီးချီခရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ရော်ဘင်ဂိုဆင် သည် ၂၀၂၂ ခုနှစ် ဂျန်နဝါရီလတွင် စီးရီးအေကလပ် အတ္တလန္တာအသင်းမှ အင်တာမီလန်သို့ ရောက်လာပြီး အသင်း နန့် တတူ အီတလီဖလား(၂) ကြိမ်၊ အီတလီစူပါဖလား (၁) ကြိမ် နန့် ပြီးခသည့်ရာသီက ချန်ပီယံလိဂ်မှာ ဒုတိယနီရာ ရဟိအောင် စွမ်းဆောင်ပီးခသည်။
ယူနီယံဘာလင်အသင်းသည် ပြီးခသည့်ရာသီက ဘွန်ဒက်စ်လီဂါတွင် အဆင့် (၄) နီရာ ဝင်နိုင်ခ၍ အသင်းသမိုင်းတလျှာက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရဟိထားသည်။
Source- Inter’s Germany midfielder Gosens joins Union Berlin/Reuters
Photo- Get Italian Football News