APM၊ သြဂတ်စ် ၁၆ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ မင်းမချောင်းတလျှောက်က ကျေးရွာများအားလုံးတွင် ဒေလ(သြဂတ်စ်လ) အတွင်း ရာသီတုပ်ကွေးအဖြစ်များနီကြောင်း သိရသည်။
ယင်းမင်းမချောင်းတလျှောက်တွင် ဥယျာဉ်သာ၊ ပန်နဲတော၊ မကျည်းချောင်း၊ ဒေါ့ချောင်း၊ နဂါးမောက်၊ အောင်မကျော်၊ လောင်းဘုတ်၊ ချော်ရည်၊ ကူတောင် စသည့် ကျေးရွာ ၉ ရွာဟိပြီး ကျေးရွာ ၉ ရွာပေါင်း အိမ်ထောင်စု ၂၅၀ နန့် လူဦးရေ ၂၀၀၀ ကျော်ဟိသည်။
အဆိုပါ ၉ ရွာစလုံးတွင် ဒေလအတွင်း ရာသီတုပ်ကွေး ဖြစ်ပွားလူဦးရေ တစစ များလာနီပြီး အိမ်တိုင်းနီပါး၌ ရောဂါဖြစ်ပွား လူဟိနီကာ လူဦးရေ ၁၀၀၀ ကျော်လောက်က ရာသီတုပ်ကွေးဖြစ်ပွားလျက်ဟိကြောင်း ဒေသခံများကပြောသည်။
မင်းမချောင်းဒေသသည် လမ်းပန်းဆက်သွယ်ရီးနန့် အင်တာနက်လိုင်းခက်ခဲသည့်ဒေသဖြစ်ပြီး ကျေးရွာအများစုက ကျန်းမာရီးနန့် ပညာရီးကဏ္ဍများအတွက် ပိုးရွီပြင်ရွာကို မှီခိုနီရသည်။
ယင်းအပြင် ဒေသခံအများစုမှာလေ့ တောင်ယာ လုပ်ကိုင်နီလူများဖြစ်ကာ လက်ဟိတွင် အိမ်တိုင်းနီးပါးရာသီတုပ်ကွေးဖြစ်နီ ၍ တောင်ယာမလုပ်ရဘဲ စားဝတ်နီရီးအခက်ကြုံနီကတ်ရကြောင်းသိရပါသည်။