
APM၊ ဩဂတ်စ် ၁၆ / ၂၀၂၃
ပြည်တွင်းပဋိပက္ခအခြေအနီများနန့် ကြိုတင်ပြင်ဆင်မှုမဟိခြင်းကြောင့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာပြည်မှ တာဝန်ယူနိုင်မည်မဟုတ်ကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ယင်းကြောင့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်က တာဝန်ယူမည်ဖြစ်ပြီး မြန်မာပြည်အနီနန့် လာမည့် ၂၀၂၇ ခုနှစ်တွင် ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။
လက်ဟိအချိန်ကာလတွင် မြန်မာပြည်၏ အခြေအနီများသည်အနာဂတ်မရေရာမှုများကို ညွှန်ပြနီပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ချိန်ကစကာ နိုင်ငံရီး၊ စီးပွားရီးနန့် လူမှုရီးပြဿနာများစွာကို ရင်ဆိုင်နီရသည်ဟု ဆိုသည်။
အဓိကစိန်ခေါ်မှုအနီနန့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရီးတပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနန့် လာသည့် တော်လှန်ရီးလက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်နီရကြောင်း သတင်းတွင် ဖော်ပြပါဟိသည်။
လာအိုနိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ မည်ဖြစ်ပြီး ယင်းနောက် ၂၀၂၅ ခုနှစ်တွင် မလေးသျှားနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်သည်။
Source – Myanmar to skip Asean chair of 2026
Photo – Asean
