APM ၊ ဩဂတ်စ် ၁၆ /၂၀၂၃
ရသေ့တောင်မြို့နယ်၊ လေးခွဆုံရွာဟောင်းတွင် ဒေရက်ပိုင်းအတွင်းက အမြွှာမောင်နှမ နှစ်ယောက် ရီမြုပ်သီဆုံးလား ကြောင်း သိရသည်။
သီဆုံးလားသည့် အမြွှာမောင်နှမ နှစ်ယောက်မှာ ရသေ့တောင်မြို့နယ်၊ လေးခွဆုံ(ရွာဟောင်း)က ဦးသိန်းကျော်လင်းနန့် ဒေါ်မညွန့်ရို့၏ ၇ နှစ်အရွယ် သမီးနန့်သား မအေးမြတ်ဖြူနန့် မောင်ထက်ကျော်လင်းရို့ဖြစ်သည်။
အဆိုပါအမြွှာမောင်နှမ နှစ်ယောက်မှ ဩဂတ်စ် ၁၂ ရက်နိ ညဇာက မိဖနှစ်ယောက် ကဏန်းထောင်ရန် ထွက်လားချိန်တွင် အိမ်၌ကျန်ခရာမှ ရှာမတွိဘဲ ပျောက်ဆုံးလားသည်။
ရွာသားများမှ လိုက်လံရှာဖွီခရာ တရက်အကြာ ဩဂတ်စ် ၁၃ ရက် ညဇာတွင် မအေးမြတ်ဖြူ၏ ရုပ်အလောင်းကို ရွာအရှိ ဖက် ချောင်း၌ တွိဟိခပြီး၊ မောင်ထက်ကျော်လင်း၏ ရုပ်အလောင်းကိုလေ့ သုံးရက်အကြာ ဩဂတ်စ် ၁၅ ရက်နိ၊ မိုးထက ယင်းချောင်း၌ပင် တွိဟိခသည်ဟု ဆိုသည်။
မအေးမြတ်ဖြူ နန့် မောင်ထက်ကျော်လင်းရို့၏ ရုပ်အလောင်းများကို လေးခွဆုံရွာဟောင်း သင်္ချိုင်း၌ပင် မြီမြှုပ်သင်္ဂြိုလ်ခ ကြောင်း သိရသည်။
ရက္ခိုင်တွင် ဒေဂုဩဂတ်စ်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလူ ၁၃ ဦးထက်မနည်း ဟိလာသည်။