APM၊ ဩဂတ်စ် ၁၆/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲလျက် ၂နှစ်ကျော်ကြာ မတရားဖမ်းဆီးတရားစွဲခံထားရသည့် တောင် ကုတ်ဒေသခံ ၆ယောက်အမှု တရားလိုပြသက်သီဖြစ်သူ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက်ကို ဩဂတ်စ် ၁၅ ရက်နိရုံးချိန်းမှာ Video Conferencing နန့် စစ်ဆီးခသည်ဟု သိရသည်။
သံတွဲထောင်၌ ၂နှစ်ကျော်ကြာဖမ်းဆီး ချုပ်နှောင်ခံထားရသည့် တောင်ကုတ်မြို့နယ်က ၆ ယောက်မှာ ဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး နန့် ကိုသန်းဇော်ဇော် ရို့ ဖြစ်ကတ်သည်။
ဩဂတ်စ် ၁၅ ရက်နိရုံးချိန်း၌ လိုပြသက်သီ ဗိုလ်ကြီးစိုးသူကို ကျိုင်းတုံ တရားရုံး၌ Video Conferencing နန့် ရုံး ထုတ်စစ်ဆီးခပြီး၊ နောက်ထပ်လိုပြသက်သီတယောက်ဖြစ်သည့် အမှုစစ်ရဲအရာဟိကို လာမည့် ဩဂတ်စ် ၁၉ ရက်နိ ရုံးချိန်းတွင် စစ်မည်ဟု ဆိုသည်။
၂ နှစ်ကျော်ကာလအတွင်း လိုပြသက်သီများအား ရုံးထုတ်စစ်ဆီးရန် အကြိမ်ကြိမ်ရုံးချိန်းခကေလေ့ အကြောင်း အမျိုးမျိုးပြလျက် တရားရုံးသို့ တသိတမင် မလာဘဲ နီခသဖြင့် အမှုမစစ်ဖြစ်ခကြောင်း၊ မိသားစုဝင်များအနီနန့် ကုန် ကျစရိတ်ကြီးမားပြီး အခက်အခဲများစွာနန့် ရင်ဆိုင်နီရ၍ “အပြစ်ဟိကေ ချ၊ အပြစ်မဟိကေ လွှတ်” စီချင်ကြောင်း မိသားစုဝင်များက ပြောသည်။
ယင်းတောင်ကုတ်ဒေသခံ ၆ ယောက်ကို ၂၀၂၀ ပြည့်နှစ်၊ ဂျုန်လကပင် AA နန့် ဆက်စပ်သည်ဟုဆိုကာ မတရား ဖမ်းဆီးခပြီးနောက်“အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ” ပုဒ်မ ၅၀(ဈ)၊ ၅၀(ည)ရို့နန့် အနောက်တောင်တိုင်း စစ်ဌာန ချုပ်ခလရ(၂၇)မှ အရာဟိ တယောက် နန့်ခလရ(၅၁)မှ အရာဟိတယောက်က လုပ်ကြံတရားစွဲဆိုထားခ ခြင်းဖြစ် သည်။
(Zawgyi)
AA တပ်ဖွဲ့ဝင်များဟုစွပ်စွဲပြီး ၂နှစ်ကျော်ကြာ မတရားဖမ်းထားသည့် တောင်ကုတ်က ၆ ယောက်အမှု လိုပြသက်သီ တယောက်ကို စ,စစ်
APM၊ ဩဂတ်စ် ၁၆/၂၀၂၂