APM ၊ ဂျူလိုင် ၁၆ / ၂၀၂၃
ဝေးလ်အသင်းဂေါင်းဆောင် အာရွမ် ရမ်ဆေးသည် ပြင်သစ်ကလပ် နိုက်စ်အသင်းနန့် နှစ်ဦးသဘောတူလမ်းခွဲ၍ ၎င်း၏ ငယ်ဘဝကလပ် ချန်ပီယံသျှိကလပ် ကာစ်ဖ်စီးတီးသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှိလာကြောင်း ဂျူလိုင် ၁၅ ရက်နိတွင် အတည်ပြုပြောကြားသည်။
“နောက်ဆုံး ဒေနီရာသို့ပြန်လာရစွာ ဂုဏ်ယူစရာပါ။ ကျနော့်က ကာဒစ်ဖ် ပရိသတ်တယောက်လေ့ဖြစ်ပါရေ။ အသင်းဖော် တိနန့်တတူ အသင်းကို ထိပ်ဆုံးရောက်အောင် ကြိုးစားလားပါဖို့ ” ဟု ရမ်ဆေးက ဆိုသည်။
ရမ်ဆေးသည် အသက် ၁၆ နှစ်တွင် ကာဒစ်ဖ်အသင်းနန့် ကဇတ်သမားဘဝစတင်ခပြီး အာဆင်နယ်၊ ဂျူဗင်တပ်စ်နန့် နိုက်စ် အသင်း သို့ အသီးသီးပြောင်းရွှိကဇတ်ခရာ မကြာသိမ့်ခင်ကမှ နိုက်စ်အသင်းနန့် လမ်းခွဲခခြင်းဖြစ်သည်။
အသက် ၃၂ အရွယ် ကဇတ်သမားသည် အာဆင်နယ်အသင်းကဇတ်စဉ်က အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော်ပါဝင် ကဇတ်ပီးခပြီး FA ဖလား ၃ လုံးဆွတ်ခူးရယူခသည်။
Source-Ramsey moved from Nice to Cardiff City/BBC
Photo-Cardiff