APM၊ ဂျူလိုင် ၁၆ / ၂၀၂၃
ပေါက်တောမြို့နယ်ဟိ မုန်တိုင်းသင့် လယ်သမားအများစုမှာ အဂုအချိန်ထိ မျိုးစပါးမဟိ၍ စပါးစိုက်ပျိုးရန် အခက်ကြုံ နီကတ်ရသိမ့်ကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocah ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်ကကျေးရွာအများစုဟိ လယ်သမားများသိမ်းဆည်းထားသည့် မျိုးစပါးများအားလုံးပျက်စီးခရသည်။
ယင်းလယ်သမားများသည် ပေါက်လယ်ထွန်ပြီး၍ စပါးကြဲရမည့် အဆင့်သို့ ရောက်လာကေလေ့ မျိုးစပါးမဟိ၍ စပါးကြဲ နိုင်ရန် အခက်ခဲများစွာဖြစ်နီကတ်ရကြောင်း လယ်သမားများက ပြောသည်။
လက်ဟိတွင် လယ်ထွန်ထားသည့်တိုင် မျိုးစပါးများယှားပါးမှုကြောင့် စပါးမကြဲရဘဲ ရပ်ထားရသည့် လယ်ပြင်များလေ့ ဟိနီ သည်ဟုဆိုသည်။
ရက္ခိုင်ဟိ မုန်တိုင်းသင့် လယ်သမားများကို စစ်ကောင်စီက မျိုးစပါးထုတ်ပီးမည်ဟုဆိုကေလေ့ လက်ဟိအချိန်ထိ စာရင်းရာ သွင်းထားရပြီးမျိုးစပါး တစိ လေ့မရသည့် ကျေးရွာများစွာဟိနီကြောင်း အဆိုပါ လယ်သမားများ ပြောကြားချက်အရ သိရ သည်။
ရက္ခိုင်တွင် လယ်မြီဧကပေါင်း ၁၂ သိန်းကျော်ဟိပြီး ၂၀၂၂ ခုနှစ်တွင် ဧက ၉ သိန်းလောက်ရာ စိုက်ပျိုးနိုင်ခကာ ဒေနှစ်မှာ လေ့ မုန်တိုင်းကြောင့် လယ်မြီများပျက်စီးခြင်း၊ မျိုးစပါး အခက်ကြုံရခြင်းများကြောင့်စိုက်ပျိုးမြီဧက ထပ်မံလျှော့ကျနိုင် ကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်နီသူများက ခန့်မှန်း သုံးသပ်ကတ်သည်။