APM၊ ဂျူလိုင် ၁၆/၂၀၂၂
စစ်ကောင်စီ ဖမ်းထားသည့် ကျောက်ဖြူမြို့နယ် မူရွင်းရွာက လူငယ် ၂ ယောက်ကို ဂျူလိုင် ၁၅ ရက်နိက ကျောက်ဖြူမြို့နယ် တရားရုံးတွင် မြန်မာပြည်အပေါ်အကြည်ညိုပျက်စီမှု ဥပဒေပုဒ်မ ၅၀၅(က) နန့် ပထမဆုံးအကြိမ် ရုံးထုတ်သည်။
တရားစွဲတင်ခံရသည့် ကျောက်ဖြူလူငယ် ၂ ယောက်မှာ ကိုစိုင်းဝဏ္ဏကျော်(၂၈ နှစ်)နန့် ကိုထွန်းထွန်းဇော်(၂၀ နှစ်)ရို့ ဖြစ်ပြီး၊ လာဖို့ ဂျူလိုင် ၂၇ ရက်နိမှာ ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိရသည်။
ကိုစိုင်းဝဏ္ဏကျော် နန့်ကိုထွန်းထွန်းဇော်ရို့မှာ ကုန်ခသည့် ဂျုန် ၂၄ ရက်နိက ကျောက်ဖြူမြို့နယ် ဇင်ချောင်းသို့ ပန်းရံလုပ်ငန်းသုံး ပစ္စည်းများ ဝယ်ဖို့လားစဉ် ဇင်ချောင်းရဲစခန်းရှိမှာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းလားခြင်းဖြစ်သည်။
ယင်းနောက် သူရို့ကို ရဲစခန်းမှတဆင့် စစ်ကောင်စီတပ်သို့ လွဲပြောင်းပီးလိုက်ပြီး ကျောက်ဖြူအခြီစိုက် ခမရ (၅၄၂) တပ်ရင်းတွင် စစ်ကြောနီစဉ် ရက်အတန်ကြာ ထမင်းမကျွေးဘဲ စစ်ကောင်စီတပ်က လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခသိမ့်သည်။
ဖမ်းဆီးတရားစွဲထားရသည့် ကိုစိုင်းဝဏ္ဏကျော်မှာ မူရွင်းရွာ၏ လူပျိုကာလသားဂေါင်းဆောင်ဖြစ်ပြီး ရပ်ရွာသာရီး၊ နာရီးကိစ္စများ ကိုဦးဆောင်လုပ်ကိုင်နီသူဖြစ်ကာ၊ ကိုထွန်းထွန်းဇော်ကတော့ ဆယ်တန်းအောင်ပြီး၍ နည်းပညာတက္ကသိုလ်တက်ရန် ပြင်ဆင်နီသူ ဖြစ်သည်။
လက်ဟိတွင် သူရို့ ၂ယောက်ကို ကျောက်ဖြူအကျဉ်းထောင်၏ ထောင်ချုပ်၌ ချုပ်နှောင်ထားသည်။
(Zawgyi)
စစ်ကောင်စီ ဖမ်းထားသည့် ကျောက်ဖြူ လူငယ် ၂ ယောက်ကို ပထမဆုံးအကြိမ် ရုံးထုတ်
APM၊ ဂျူလိုင် ၁၆/၂၀၂၂