APM၊ ဂျုန် ၁၆ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင်ဒေနိ(ဂျုန် ၁၆ ရက်နိ) ညဇာက ဒေသခံလယ် သမား ၃ ယောက်မှာ လယ်ယာလုပ်ကိုင်နီစဉ် မိုးကြိုး ပစ်ခံရ၍ သီဆုံးလားကြောင်း သတင်းရဟိသည်။
သီဆုံးလားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ဝက်ဖြူပြင်ရွာမှ ဦးလုံးချေ (၂၇နှစ်)၊ မှင်းဇီချောင်းရွာမှ ဒေါ်ခိုင်ဇာနည်ဝင်း(ခ) မဲညို(၂၉ နှစ်)နန့် မင်းပြားမြို့နယ် ပန်းမြောင်းရွာမှ ကိုအောင်သိန်းချေ(၁၉နှစ်)ရို့ ဖြစ်ကတ်သည်။
ယင်းအထဲမှ ဦးလုံးချေသည် ပုဏ္ဏားကျွန်းမြို့နယ် ဝမ်းတီးရွာတွင်အိမ် ထောင်ကျနီသူဖြစ်ပြီး ဒေနိညဇာ ၂ နာရီလောက်က လယ်ထွန်ရန်လားစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။
ကိုအောင်သိန်းချေကတော့မှင်းဇီချောင်းရွာဟိ ဒေါ်မဲညိုရို့ထံတွင်လယ်အငှားလာလုပ်သူဖြစ်ပြီး ဒေနိညဇာ ၃ နာရီခွဲလောက် က လယ်ပိုင်သျှင်ဒေါ်မဲညိုနန့်အတူ လယ်ယာလုပ်ကိုင်နီစဉ် မိုးကြိုးပစ်ခံရကာ နှစ်ယောက်စလုံး နီရာ၌ပင် ပွဲချင်း ပြီး သီဆုံးလားသည်။
ကုန်ခသည့် ဂျုန် ၅ ရက်နိကလေ့ တောင်ယာခင်းမှပြန်လာစဉ် မိုးကြိုးပစ်ခံရ၍ ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာမှ အမျိုးသမီး နှစ်ယောက်ပွဲချင်းပြီးသီဆုံးလားခရသိမ့်သည်။
ယင်းအပြင် မေ ၃၁ ရက်နိကလေ့ မင်းပြားမြို့နယ်နန့် ရမ်းဗြဲမြို့နယ်ရို့တွင် မိုးကြိုးပစ်ခံရပြီး ဆယ်ကျော်သက်အရွယ် လူငယ် ၃ ယောက် သီဆုံးလားခရသည်။
အလားတူ မေ ၃၀ ရက်နိကလေ့ ကျောက်ဖြူမြို့နယ်တွင် စက်လှီတစ်စီး မိုးကြိုးပစ်ခံရ၍ ဒေသခံတယောက်ပွဲချင်းပြီး သီဆုံးခရပြီး နောက်ထပ်တယောက် ဒဏ်ရာအပြင်းအထန်ရလားခရသည့်အပြင် မေ ၂၄ ရက်နိ၌ ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာက အသက် ၄ နှစ်အရွယ်အချေတယောက်လေ့ မိုးကြိုးပစ်ခံရ၍ သီဆုံးလားခရကြောင်း သိရသည်။
ရက္ခိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းမှစ၍ မိုးသက်လီပြင်းတိုက်ခတ်ခြင်းနန့်အတူ မိုးကြိုးပစ်ခံရမှုကြောင့် ဒေသခံပြည်သူ ၁၀ ယောက်သီဆုံးခရပြီးဖြစ်ကြောင်း သိဟိရသည်။