APM၊ ဂျုန် ၁၆ / ၂ဝ၂၂
ရက္ခိုင်ပြည်မှာ ကျောင်းတက်နီကတ်သော ကျောင်းသား/ကျောင်းသူများ၏ အသက်အန္တရာယ်နန့် ပတ်သက်၍ အထူးဂရုမူပီးကတ်ဖို့ မိဖပြည်သူများသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က အထူးအလေးအနက်ထား ပန်ကြား လိုက်သည်။
ဂျုန် ၁၄ ရက်နိပြုလုပ်ခသော“ရက္ခိုင်ပြည်သူ့အစိုးရ” ၏ တတိယအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ အဖွင့် မိန်းခွန်းတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မိဖပြည်သူရို့ကို နောက်ထပ်ပန်ကြားလိုစွာက အေဂုကာလရေ မိုးရာသီဖြစ်တေအလျောက် ကျောင်းတက်နီကတ်တေ ကျောင်းသား/ကျောင်းသူတိအသက်အန္တရာယ်ကို ဂရုမူပီးကတ်ဖို့ အထူးအလေးအနက်ပန်ကြားလိုပါရေ။ ချောင်း၊ မြောင်းပေါရေ ရက္ခိုင်ပြည်မှာ ကျောင်းတက်နီကတ်တေ ကျောင်းသား/ကျောင်းသူတိ၊ စာသင်သားတိစွာ ရီလမ်း၊ ကုန်းလမ်း နှစ်မျိုးကို အသုံးပြုနီရရေ။ ယင်းအခြေအနေမှာ ချောင်းထဲမှာ ကျောင်းပို့ဖို့လားလာကတ်တေ စက်လှီ၊ ဘုတ်တိနစ်မြုပ်လို့ကျောင်း သား/ကျောင်းသူ၊ ဆရာ/ဆရာမတိ ရီနစ်သီဆုံးကတ်စွာတိ နှစ်စဉ်နှစ်တိုင်း စိတ်မကောင်းစရာ ကြားသိတွိမြင်နီရပါရေ” ဟု ဆရာဦးခိုင်သုခက ဆိုသည်။
ယင်းကြောင့်ဒေနှစ်မှာ ယင်းပိုင်အဖြစ်ဆိုးများမဖြစ်ဖို့ ရပ်ရွာအလိုက် အရပ်ဖက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့များ၊ လူမှုရီးအဖွဲ့များက သတိထားကြည့်ရှုကတ်ဖို့နန့်အန္တရာယ် ကင်းအောင် စီစဉ်ထားကတ်ဖို့ကိုလေ့ ဆရာဦးခိုင်သုခ က ပြောဆို တိုက်တွန်းလားခသည်။
ယင်းအပြင် ဆရာဦးခိုင်သုခက “နောက်ထပ် သတိထားဖို့ ပြောကြားလိုစွာတခုက မော်တော်ယာဉ်မတော်တဆ တိုက်မှု၊ တိမ်းမှောက်မှုကိစ္စတိဖြစ်ပါရေ။ အေကိစ္စစွာလေ့ ပြည်သူတိအသက် အလဟဿဆုံးယှုံးနီရရေ ကိစ္စဖြစ်ပါရေ။ ယာဉ်မောင်း တိ၏ပေါ့ဆမှု၊ လောဘကြီးမှု၊ မဆင်မခြင်မှုတိကြောင့် လတိုင်းမှာ အသက်တိသီဆုံးမှုတိ ဟိနီကတ်စွာကို တွိနီရပါရေ”ဟုလေ့ ပြောကြားခပါသည်။
ယင်းအတွက်ကြောင့် မဆုံးယှုံးသင့်သော အသက်များ မဆုံးယှုံးဖို့၊ ကိုယ်လက်အင်္ဂါကျိုးပဲ့၊ ဖြတ်တောက်လိုက်ရ ခြင်းမျိုးမဖြစ်ဖို့၊ အလားတူအဖြစ်မျိုးများ နောက်ထပ် မဖြစ်စီဖို့အတွက် ယာဉ်မောင်းများအနီနန့် ဆင်ဆင်ခြင်ခြင် မောင်းကတ်ဖို့၊ ကားပိုင်သျှင်များ၊ ကားဂိတ်များအနီနန့်လေ့ ကားတစီးမှာတင်သင့်သည့် လူအရေအတွက်နန့်ကုန် ပမာဏထက် ပို၍ မတင်ဖို့၊ အရက်မူးပြီး ကားမမောင်းဖို့၊ အသုံးမပြုသင့်သော ကားများကိုမသုံးဖို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိ ကျကျ လိုက်နာကတ်ဖို့ကိုလေ့ ဆရာဦးခိုင်သုခက အသိပီး မှာကြားခကြောင်း သိရပါသည်။
Photo- MDN
