APM ၊ ဂျုန် ၁၆/၂၀၂၂
ကျောက်ဖြူဒေသခံ တက်ကြွလှုပ်ယှားသူ ကိုထွန်းကြည်ကို ဒေနိ (ဂျုန် ၁၆ ရက်နိ) မိုးထဖက် ၉နာရီ ၄၅ မိနစ်မှာ ရဲတပ်အဖွဲ့ဝင် တဆယ်ကျော်လောက်က အရပ်ဝတ်များဖြင့် လာရောက် ခေါ်ဆောင်လားခပြီး အယင် ၂၀၁၉ ခုနှစ် ကပင် NLD အစိုးရ စွဲဆိုထားခသည့် ငြိမ်းစုစီပုဒ်မ ၁၉ အရ ကျောက်ဖြူမြို့နယ်တရားရုံးမှ ထွန်းကြည်ကို ငွေဒဏ် သုံးသောင်းကျပ် စီရင်ချက်ချကာ ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်က ကျောက်ဖြူမြို့နယ် ချောင်းဝအုပ်စု၊ ကုလဘာကျေးရွာတွင် “ကျောက်ဖြူအထူးစီးပွားရီးဇုန် မြီယာ ဆွေးနွေးပွဲ” ပြုလုပ်ခသည့်အတွက် ကိုထွန်းကြည်ကို NLDအစိုးရမှ ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့်စွဲဆိုထားခခြင်းဖြစ်သည်။
ယင်းအခါက ကိုထွန်းကြည်မှာ ကိုဗစ်ကြောင့် ခရီးလွန်နီရာမှ ပြန်မလာနိုင်၍ စီရင်ချက်မချနိုင်ခဘဲ အဂု အခါကျမှ စီရင်ချက်မှတ်ရခြင်းဖြစ်ကြောင်း သိဟိရသည်။