APM ၊ မေ ၁၆/၂၀၂၄
မင်းပြားမြို့ကို မေ ၁၅ ရက်နိ၊မိုးထပိုင်းမာ အကြမ်းဖက်စစ်ကောင်စီတပ်က လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခလို့ ၁၂ တန်း ကျောင်းသားတယောက်သီဆုံးလားပြီးကေ ရဟန်းတော်တပါးထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားခလူစွာ မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက်၊ဓမ္မဓိပကဘုန်းကြီးကျောင်းမာစာသင်ဖို့ရောက်နီရေ ၁၂ တန်းကျောင်းသား မောင်ငြိမ်းထက်သူရအောင်စိုး(၂၀နှစ်)နန့် ဒဏ်ရာရလားရေ ရဟန်းတော်ကတော့ အသျှင်ပညာဝံသ (သက်တော် ၄၂ နှစ်) ဖြစ်ပါရေ။
မေ ၁၅ ရက်နိ၊ မိုးထ ၉ နာရီ ၁၅ မိနစ်လောက်က အကြမ်းဖက်စစ်ကောင်စီစွာ ဂျက်ဖိုက်တာတစီးနန့် မင်းပြားမြို့ကို ရည်ရွယ်ချက်ဟိဟိ လီကြောင်း ဗုံးကြဲတိုက်ခိုက်ခရေလို့ မြို့ခံတိက ပြောပါရေ။
ယင်းဗုံးကြဲတိုက်ခိုက်မှုစွာ ဥက္ကာပျံရပ်ကွက်ဟိ၊ ဓမ္မဓိပကဘုန်းကြီးကျောင်းမာ ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
ယင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ယင်းကျောင်းမာ စာသင်ဖို့ရောက်နီရေ မောင်ငြိမ်းထက်သူရအောင်စိုး မာ ကျည်စထိမှန်ပနာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရလားလို့ ဆီးကုသဖို့ပို့ဆောင်ချိန် လမ်းမာ ဆုံးပါးလားပါရေ။
ယင်းအပြင် အသျှင် ပညာဝံသမာလည်း ဗုံးစထိမှန် ဒဏ်ရာရလားပြီးကေ ဆီးကုသမှုခံယူနီရရေလို့ သိဟိရပါရေ။