APM ၊ မေ ၁၆ /၂၀၂၃
မုန်တိုင်းမတိုက်ခင် ဟိသမျှအင်အားကို အသုံးပြု၍ ကြိုတင်ပြင်ဆင်ထားမှုများကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
MOCHA ဆိုင်ကလုန်းမုန်းတိုင်း နောက်ဆက်တွဲအရေးပေါ် အခြေအနီနန့်ပတ်သက်၍ ဒေနိ (မေ ၁၆ ရက်နိ) တွင် အာရက္ခပြည်သူ များသို့ ပြောကြားသည့် မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်းပြောကြားခခြင်းခြစ်သည်။
“မုန်တိုင်းမတိုက်ခင်ကပင် ကျနော်ရို့မှာဟိရေ အရင်းအမြစ်တိအားလုံး အသုံးပြုပြီးကေ ကြိုတင်ပြင်ဆင် ပြောင်းရွိမှုတိကို ဆောင်ရွက်နိုင်ခရေအတွက် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခပါရေ။ ယင်းလုပ်ငန်းစဉ်တိမှာ ပူးပေါင်းပါဝင်ခကတ် တေ အရပ်ဖက်လူမှုအဖွဲ့အစည်းတိနန့် တာဝန်သိပြည်သူတိကိုလေ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါရေ” ဟု ဗိုလ်ချုပ် က ဆိုသည်။
ယင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်တနံတလျားမှာ ပျက်စီးဆုံးယှုံးမှု အမြောက်အမြား ဖြစ်ပေါ်စီခ ကြောင်း၊ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က မြို့ရွာ၊ အိုးအိမ်၊ အဆောက်အုံများ ပျက်စီးဆုံးယှုံးမှု ၉၀ ရာခိုင် နှုန်းခန့် ဟိနိုင်ကြောင်းလေ့ ဗိုလ်ချုပ်က ထည့်သွင်းပြောကြားသည်။
ယင်းအပြင် “မုန်တိုင်းကြီးကြောင့် အင်တာနက်လိုင်းတိပြတ်တောက်ခရရေအပြင် ပြည်သူတိမှာ သိုလှောင် သိမ်းဆည်း ထားရေ ဆန်စပါး၊ စားနပ်ရိက္ခာနန့် ကျွဲ၊ နွား တိရစ္ဆာန်မြောက်မြားစွာလေ့ ပျက်စီးဆုံးယှုံးခရပါရေ။ မုန်တိုင်းကြီးနောက်ဆက် တွဲအနီနန့် ပြည်သူတိအတွက် အရေးပေါ်ကယ်ဆယ်ရီးလုပ်ငန်းတိကို အပူတပြင်း ဆောင်ရွက်ပီးဖို့လိုအပ်နီပါရေ။ ကျနော်ရို့အာရက္ခပြည်သူ့ အစိုးရအနီနန့်လေ့ အရေးပေါ်ကယ်ဆယ်ရီး လုပ်ငန်းတိကို ကြိုးစားလုပ်ဆောင်လို့ ဟိနီပါရေ။ ဒေဂုအချိန်မှာ ပြည်သူတိအတွက် အရေးကြီးဆုံးလိုအပ်နီစွာက အမိုးအကာနန့် သန့်ယှင်းရေသောက်သုံးရီ၊ စားနပ်ရိက္ခာနန့် ဆီးဝါးတိကို ချက်ချင်း ထောက်ပံ့ကူညီပီးဖို့ အရေးတကြီးလိုအပ်နီပါရေ။ လျှပ်စစ်မီးတိပြတ်တောက်နီရေအတွက် အင်တာ နက်၊ဖုန်းလိုင်းဆက်သွယ်ရီး နန့်အတူ အရေးကြီးရေ အခြီခံလိုအပ်ချက်တိကိုလေ့ အယင်အမြန်ဆုံး စီစဉ်ပီးဖို့လိုအပ်နီပါရေ။အာရက္ခပြည်သူ့ အစိုးရအနီနန့် ဟိသမျှအရင်းအမြစ်တိကို အကောင်းဆုံးစုစည်းပြီးကေ ကြိုးစားလုပ်ဆောင်နီကေလေ့ အေသဘာဝ ဖီးအန္တရာယ်ကပ်ဆိုးကြီးကို ဖြေယှင်းဖို့အတွက် မလုံလောက်နိုင်ပါ” ဟုလေ့ ဗိုလ်ချုပ်က ဆိုသည်။
ယင်းကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO/INGOများ၊ ဒေသတွင်းဟိ လူမှုအခြီပြုအဖွဲ့အစည်း များအနီ နန့်လေ့ အာရက္ခပြည်သူ့အစိုးရနန့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သောအကူအညီများကို ပီးအပ်လာဖို့အတွက်လေ့ အထူးမေတ္တာရပ်ခံကြောင်း၊ ယင်းသို့ ကူညီဆောင်ရွက်နိုင်ဖို့အတွက် အာရက္ခပြည် သူ့အစိုးရက ဖွဲ့စည်းထားသည့် လူသား ချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရီးရုံး HDCO မှ အသေးစိတ်လုပ်ငန်းများကို ချမှတ် ဆောင်ရွက်လို့ ဟိကြောင်းနန့် ရက္ခိုင်ပြည်ပြင်ပမှာ ရောက်ဟိနီသည့် ရက္ခိုင်လူမျိုးများအနီနန် ဒေအခြေအနီတွင် ဝိုင်းဝန်းပြီး အကောင်းဆုံးကူညီ လုပ်ဆောင်ပီး ကတ်ရန်လေ့ ဗိုလ်ချုပ်က တိုက်တွန်းပြောကြာခသည်။