
APM၊ မေ ၁၆/ ၂၀၂၃
ရက္ခိုင်အပါအဝင် Mocha ဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများ၌ လိုက်နာရမည့် ကျန်းမာရီးဆိုင်ရာသတိပီးချက်ကို စစ်ကောင်စီ ၏ ကျန်းမာရီးဝန်ကြီးဌာနက ဒေနိ(မေ ၁၆ ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ မုန်တိုင်းကျရောက်ပြီးနောက် ရီကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြီပြိုခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ လျှပ်စစ် ဓာတ်လိုက်ခြင်း၊ မြွီကိုက်ခံရခြင်း၊ အအီးမိဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတဆင့်ကူးစက်တတ်သည့် သွီးလွန် တုပ်ကွေးနန့် ငှက်ဖျား ရောဂါဖြစ်ပွားခြင်း၊ မသန့်ယှင်းသောရီနန့် အစားအစာကြောင့် ဖြစ်ပွားတတ်သည့် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ရောဂါနန့် တခြား ကျန်းမာရီးဆိုင်ရာ ပြဿနာများဖြစ်ပွားတတ်ကြောင်း သတိပီးထား သည်။
ရီလွှမ်းနီချိန်တွင် ချိုင့်ခွက်နန့် မြောင်းများအတွင်းသို့ ခြီချော်ကျကာ ရီမြုပ်နိုင်သည့် အန္တရာယ်ဟိသဖြင့် သတိပြုလား လာကတ်ရန်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုလားလာရန်၊ မြီပြင်တွင်ကျနီသော (သို့မဟုတ်) ရီထဲသို့ ကျနီသော လျှပ်စစ်ဓာတ်ကြိုးမျာအနားသို့ လားလာခြင်းများမပြုရန်နန့် အချေသူငယ်များကို အထူးသတိပီးရန် ဖော်ပြထားသည်။
အလားတူ မြွီဆိုးအန္တရာယ်ကို သတိပြုရန်၊ ပျက်စီးနီသည့် အဆောက်အအုံများအတွင်းသို့ မလားရန်၊ ဝမ်းပျက်ဝမ်း လျှောရောဂါအပါအဝင် ကူးစက်တတ်သော ရောဂါများမဖြစ်ပွားအောင် FDA အသိအမှတ်ပြု သောက်ရီသန့်၊ ကြိုချက် ထားသောရီ၊ ရီသန့်စင်ဆီးပြား ခပ်ထားသည့်ရီ၊ ကလိုရင်းဆီးခတ်၍ သန့်စင်ထားသည့်ရီများကိုရာသောက်သုံးကတ်ရန်၊ မြစ်ရီ၊ ချောင်းရီနန့် မသန့် ယှင်းသော ရီများကို လုံးဝမသောက်ရန် သတိပီးထားသည်။
ယင်းအပြင် အစာအဆိပ်သင့်မှု မဖြစ်စီရန် ရီမြုပ်အစားအစာများ၊ စည်သွတ်ဗူးများ၊ ရက်လွန်အစားအစာ၊မှိုတက်အစား အစာ၊ အမှည့်လွန်အသီးများနန့် မသန့်ယှင်းသည့် အစားအစာများကို မစားရန်၊ တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုရန်၊ ခြင်ထောင်နန့်ရာ အိပ်စက်ရန်၊ ရီတွင်းရီကန်များအနား၌ အညစ်အကြေးမစွန့်ရန်နန့် အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ အမှိုက်များကို မြီမြှုပ်ခြင်း၊ မီး တိုက်ခြင်း၊ ထုံးဖြူးခြင်းများဆောင်ရွက်ကတ်ရန်လေ့ ကျန်းမာရီးဝန်ကြီးဌာနက သတိပီးထားသည်။
Photo – ကျန်းမာရီးဝန်ကြီးဌာန

