APM ၊ မေ ၁၆ / ၂၀၂၃
ရက္ခိုင်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနီပြီး ယင်းမိုးတိမ်တောင်များရွိလျားရာတလျှောက်၌ မိုးရွာသွန်းခြင်းနန့်အတူ လီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလီဝသနန့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)၏ မေ ၁၆ ရက်နိ ထုတ်ပြန်ချက်အရ သိရ သည်။
ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်တွင် မိုးတိမ်တောင်များဖြစ်ထွန်းနီပြီး၊ အဆိုပါ မိုးတိမ်တောင်များရွိလျားရာနီရာ တ လျှောက်တွင် မိုးရွာသွန်းခြင်းနန့်အတူလီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီး ကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည် ဟုဆိုသည်။
ယင်းအပြင် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင်လေ့ တခါတရီမိုးသက်လီပြင်းများ ကျရောက် နိုင်ပြီး မိုးသက်လီပြင်းကျစဉ် ရီပြင်/မြီပြင်လီသည် တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်သည်ဟုလေ့ မိုး/ဇလ က ဆိုသည်။
ရက္ခိုင်တွင် ပြီးခသည့် မေ ၁၄ ရက်နိကလေ့ အင်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် စစ်တွေအပါအဝင် ရက္ခိုင်ပြည်မြို့နယ်အများစု၌ နီအိမ်များ၊ ကျောင်းများနန့် သာသနိကအဆောက်အအုံများ အများ အပြားပျက်စီးဆုံးယှုံးခရပြီး ဒေသခံပြည်သူများသီဆုံးမှုများလေ့ ဟိကြောင်း သိဟိရသည်။
Photo – မိုး/ဇလ