APM ၊ ဧပြီ ၁၆ /၂၀၂၄
ဘူးသီးတောင်မြို့နယ်မာ ဧပြီ ၁၅ ရက်နိ၊ မိုးထက ARSA အကြမ်းဖက်အဖွဲ့ သီနတ်နန့်ပစ်သတ်ခလို့ မူဆလင် အမျိုးသားတယောက် သီဆုံးလားရေလို့ သိရပါရေ။
သီဆုံးလားလူမာ ဘူးသီးတောင်မြို့နယ်၊ သိန်းတန်အုပ်စု၊ ပြင်လှကူနာ( မူဆလင်)ရွာက နိုရ်ရူ (၆၄ နှစ်)ဖြစ်ပါရေ။
နိုရ်ရူစွာ ဧပြီ ၁၅ ရက်နိ မိုးထ ၁၀ နာရီလောက်မာ ဘီလပ်မြီအိတ်ဝယ်ယူဖို့ စိမ်းညှင်းပြားရွာဖက်ကနီ ဘူးသီးတောင်မြို့သို့ ဆိုင်ကယ်နန့်လားချိန် ကျက်ဖက်( မူဆလင်)ရွာနားအရောက်မာ ARSA အကြမ်းဖက်အဖွဲ့ဝင် ၂ယောက်က သီနတ်နန့်ပစ်သတ်ခစွာလို့ သိရပါရေ။
ယင်းပိုင်ပစ်သတ်ခလို့ နိုရ်ရူစွာ ယင်း နီရာမာပင် ဂွင်းချင်းသီဆုံးလားရေလို့ ဆိုပါရေ။
ဧပြီ ၁၁ ရက်နိလည်း ARSA အကြမ်းဖက်အဖွဲ့ဝင်တိစွာ ဘူးသီးတောင်မြို့နယ်၊ ကန်ကြီးပြင်(မူဆလင်)ရွာက အာဂျေးတူရာမာန်ကို အကြောင်းမဲ့ ဖမ်းဆီးပနာ သတ်ဖြတ်ခပါသိမ့်ရေ။
ARSA အကြမ်းဖက်အဖွဲ့စွာ ဘူးသီးတောင်-မောင်တောမြို့နယ်အတွင်းမာ နီထိုင်ရေ အရပ်သားပြည်သူတိအပေါ် အလားတူ ဖမ်းဆီး၊ ငွေညှစ်၊ ဒါးမြတိုက်၊ လူသတ်၊ ပြန်ပီးဆွဲ၊ ခိုးဆိုးလုယက်မှုပေါင်း မြောက်မြားစွာ လက်ရဲဇက်ရဲ ဗြောင်ကျကျ ကျူးလွန် လျက်ဟိကြောင်းလည်း သိဟိရပါရေ။