APM၊ ဧပြီ ၁၆ / ၂၀၂၄
အမ်းမြို့နယ်မာ ဧပြီ ၁၅ ရက်နိ၊ ညည့် ၁၀ နာရီလောက် အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခလို့ ဂါယ်လောင်းရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ ပျက်စီးလားရေလို့ သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်စွာ ဧပြီ ၁၅ ရက်နိ၊ ညည့် ၁၀ နာရီလောက်က အမ်းမြို့နယ်၊ ဂါယ်လောင်းရွာကိုရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် ပစ်ခတ်ခရေလို့ ဒေသခံတိကပြောပါရေ။
ယင်းပိုင် အကြမ်းဖက်စစ်ကောင်စီတပ် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်လိုက်တေလက်နက်ကြီးကျည်တိထဲက တလုံးစွာ ဂါယ်လောင်းရွာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ အလယ်ဂေါင်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
ယင်းကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဓမ္မာရုံခေါင်မိုးတိ ပျက်စီးလားခရေလို့ သိရပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတိကို အာရက္ခတပ်တော်က အယှိန်အဟုန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရာ ၎င်းရို့တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိကိုအသုံးပြုပနာ ပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလျက်ဟိပါရေ။