APM ၊ ဧပြီ ၁၆/၂၀၂၄
ဘူးသီးတောင်မြို့နယ်မာ ဧပြီ ၁၄ ရက်နိ၊နိခင်းက အကြမ်းဖက်စစ်ကောင်စီဂျက်တိုက်လီယာဉ်နှစ်စီးနန့်လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူဆလင် အမျိုးသားတယောက် သီဆုံးလားရေလို့သိရပါရေ။
သီဆုံးလားရေလူစွာ ဘူးသီးတောင်မြို့နယ်၊သိမ်တောင်ဈီး(မူဆလင်) ရွာက မာမောက်တူးဆောင်းလ်(၃၀ နှစ်) ဖြစ်ပါရေ။
အကြမ်းဖက် စစ်ကောင်စီစွာ ဘူးသီးတောင်မြို့နယ်၊သိမ်တောင်ဈီး(မူဆလင်)ရွာကို ဂျက်တိုက်လီယာဉ်နှစ်စီးနန့် ဧပြီ ၁၄ ရက်နိ၊ နိခင်း ၁ နာရီ ၅၅ မိနစ်မာ တကြိမ်၊ ၂ နာရီ ၅ မိနစ်မာ တကြိမ်၊ (၂) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခရေလို့ ရွာသားတိကပြောပါရေ။
နိခင်း ၂ နာရီ ၅မိနစ်မာ ပစ်ခတ်လိုက်တေ ဗုံးသီးစွာ သိမ်တော်ဈီး(မူဆလင်)ရွာထဲသို့ ကျရောက်ပေါက်ကွဲခပြီးကေ၊ မာမောက်တူးဆောင်းလ်၏ ညာဖက်ရင်အုံမာ ဗုံးစကျပနာ နီရာမာပင် သီဆုံးလားစွာလို့ ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်း အာရက္ခတပ်တော်နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း မရှုမလှ ကျယှုံးလျက်၊ ၎င်းရို့တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိကိုစွန်ခွာပနာ ဝရုန်းသုန်းကား ထွက်ဗြီးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ လူမျိုးရီးအမုန်းတရားကို အခြီခံလျက် အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိ အသုံးပြုပနာ ပစ်ခတ်လို့ဟိနီပါရေ။
အကြမ်းဖက်စစ်ယှုံးစစ်ကောင်စီ၏ ယင်းသို့အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့အရပ်သားသီဆုံး၊ ထိခိုက်ဒဏ်ရာရမှုတိ တရက်ထက်တရက် ပိုလို့များပြားလာရေပိုင်၊ အိုး၊ အိမ်၊ အဆောက်အအုံထိခိုက်ပျက်စီးမှုတိလည်း မြင့်တက်လျက်ဟိကြောင်း သိဟိရပါရေ။