APM ၊ မာ့ချ် ၁၆ / ၂၀၂၄
စစ်ရာဇဝတ်မှုတိကို မထီမဲ့မြင်ပြုပနာ မိုက်တွင်းနက်ကျူး လွန်နီရေ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ စစ်ဖက်နန့်လုံးဝမသက်ဆိုင်ရေ စာသင်ကျောင်း၊ ဈီး၊ ဆီးရုံး၊ လမ်းတန်းထားတိကို လီကြောင်း၊ ရီကြောင်းနန့် လက်နက်ကြီးတိ အသုံးပြုပြီးကေ သူရဲဘောကြောင်စွာ ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်လျက်ဟိရာ မာ့ချ် ၁၆ ရက်နိမိုးထပိုင်းကလည်း မင်းပြားမြို့က စာသင်ကျောင်း တကျောင်းကို ဂျက်တိုက်လီယာဉ်နန့် လူမဆန်စွာ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းတခုလုံး ပျက်စီးလားခရေလို့ သိရပါရေ။
မာ့ချ် ၁၆ ရက်နိ၊ မိုးထ ၉ နာရီ ၂၀ မိနစ်က အကြမ်းဖက်စစ်ကောင်စီစွာ မင်းပြားမြို့၊မင်းဗာကြီးရပ်ကွက်ဟိ အခြီခံပညာအလယ်တန်းကျောင်း(ခွဲ)ကို ရည်ရွယ်ချက်ဟိဟိ ဗုံးကြဲတိုက်ခိုက်ခရေအတွက် စာသင်ကျောင်း၏ ခြံစည်းရိုး၊ အုတ်ထရံ၊ အမိုး၊ မျက်နှာကျက်အပါအဝင် စာသင်ခန်း အဆောင်တိ ထွတ်ထွတ်ကြီမွ ပျက်စီးလားခရေလို့ ဒေသခံတိက ပြောပါရေ။
ကုန်ခရေ မာ့ချ် ၆ ရက်နိ၊ ညည့် ၁၁ နာရီကလည်း အကြမ်းဖက်စစ်ကောင်စီစွာ မင်းပြားမြို့နယ်၊ အမ်းသားရွာစာသင်ကျောင်းကို ပေါင်၂၀၀ ဗုံး (၄) လုံးကြဲချလို့ စာသင်ကျောင်းပျက်စီးခရပါရေ။
အလားတူ ဖေဖော်ဝါရီ ၂၇ ရက်နိ၊ ညည့် ၁ နာရီ ၄၅ မိနစ် ကလည်း မင်းပြားမြို့နယ်၊ မင်းဖူးဆီးရုံကို အကြမ်းဖက် စစ်ကောင်စီ ဂျက်တိုက်လီယာဉ်တစီးနန့် လာရောက်တိုက်ခိုက်လို့ ဆီးရုံတခုလုံးပျက်စီးခရရေအပြင် အပြစ်မဲ့ပြည်သူတိ၊ ကျန်းမာရီးဝန်ထမ်းတိ၊ ဒဏ်ရာရစစ်သုံ့ပန်းတိ နန့် သုံ့ပန်းမိသားစုဝင်တိပါ ထိခိုက်ဒဏ်ရာ ရလားခပါရေ။
ယေပြီးကေ ဖေဖော်ဝါရီလ ၂၆ ရက်နိ၊ ညည့် ၁ နာရီ ၂၅ မိနစ်ကလည်း မင်းပြားမြို့နယ်၊ သေကန်ရွာကို အကြမ်းဖက်စစ်ကောင်စီက ရည်ရွဟ်ချက်ဟိဟိ ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းနန့် လူနီအိမ်တိပျက်စီးခပြီးကေ အပြစ်မဲ့ပြည်သူ ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာ ရလားခပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၂ ရက်နိ၊ မိုးထ ၄ နာရီခန့်ကလည်း မင်းပြားမြို့ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနန့် အကြိမ်ပေါင်း (၃၀) ခန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်ခရေအတွက် ပြည်တော်သာရပ်ကွက်က မူလွန်စာသင်ကျောင်းအပါအဝင် လူနီအိမ်တိပျက်စီးခရပါသိမ့်ရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ဒေသ စစ်မျက်နှာမာ ၎င်းရို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဖက်၊ ရဲဖက်စခန်း များစွာနန့် တမြို့ပြီးတမြို့လက်လွှတ်ဆုံးယှုံးနီရေအတွက် ယှုံးမဲမဲပနာ မြို့ရွာတိဟိ အပြစ်မဲ့အရပ်သားပြည်သူလူထုရို့နီအိမ်တိ၊ စာသင်ကျောင်း၊ ဆီးရုံ၊ ဈီး၊ လမ်း၊ တန်းထားတိကို ပစ်မှတ်ထားတိုက်ခိုက်ပြီးကေ စစ်ရာဇဝတ်မှုတိကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ဆက်တိုက် ကျူးလွန်လို့ ဟိနီပါရေ။