
APM၊ မာ့ချ် ၁၆/၂၀၂၄
မောင်တောခရိုင်အတွင်းဟိ ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့မာ ရက္ခိုင့်တပ်တော်က အကြမ်းဖက်စစ်ကောင်စီ၏တပ်စခန်းတိကို တခုမကျန်သိမ်းပိုက်ရဟိဖို့အတွက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော်(AA) က မာ့ချ် ၁၅ ရက်နိ၊ ညည့်ပိုင်းမာ သတင်းထုတ်ပြန်လာပါရေ။
ထုတ်ပြန်ချက်အရ “ဘူးသီးတောင်မြို့အတွင်းဟိ စကခ (၁၅)လက်အောက်ခံ ခမရ(၅၅၂) တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နီရေ”လို့ ရက္ခိုင့်တပ်တော်က ပြောပါရေ။
အလားတူ မောင်တောမြို့နယ်မာလည်း လက်ကျန် နယ်ခြားစောင့်စခန်းတချို့ကို သိမ်းပိုက်ရဟိဖို့အတွက် ဆက်လက်ဆောင်ရွက်နီပြီးကေ စခန်းစွန့်ပနာ ထွက်ဗြီးနီကတ်တေ ရန်သူ့တပ်ဖွဲ့ဝင်တချို့ကို လိုက်လံဖမ်းဆီးနီရေလို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းအပြင် ရသေ့တောင် အခြီစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းတိဖြစ်တေ ခမရ (၅၃၆)၊ ခမရ (၅၃၇) နန့် ခမရ(၅၃၈)ရို့ကိုလည်း ရန်သူ၏ ကြည်း၊ ရီ၊လီ ပစ်ကူတိအမြောက်အမြားကြားက အယှိန်အဟုန်မြှင့် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နီရေ”လို့ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
