APM ၊ မာ့ချ် ၁၆ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ဂဏန်းတောင်စစ်ဖီးယှောင်စခန်းဟိ လူနီအဆောင်များကို မိုးရာသီ၌ ရာသီဥတုဒဏ်ခံနိုင်အောင် သစ်၊ဝါး များဖြင့် ပြုပြင်ဆောက်လုပ်ရန် အရေးတကြီးလိုအပ်နီကြောင်း သိရသည်။
ဂဏန်းတောင် စစ်ဖီးယှောင်စခန်း၌ လူဦးရေ ၇၇၈ ယောက် ၊အိမ်ထောင်စု ၁၇၈ စုနီထိုင်လျက်ဟိပြီး စစ်ဖီးယှောင်များ ခိုလှုံနီသည့်ယာယီလူနီအဆောင် ၁၇၈ ဆောင် ဟိသည်
လက်ဟိ ဂဏန်းတောင်စစ်ဖီးယှောင်စခန်းဟိ အဆောင်များသည် တာပေါ်လင်စများဖြင့်ဆောက်လုပ် ထားခြင်းဖြစ်ပြီး ယင်းအဆောင်များမှာ မိုးရာသီ၌ နီထိုင်ရန် အဆင်မပြေဟု စစ်ဖီးယှောင်များကပြောသည်။
အဆောင်ဆောက်လုပ်ရာ၌ လိုအပ်မည့် သစ်၊ဝါးများကို စစ်ဖီးယှောင်များအနီနန့် တောတောင်များသို့ ကိုယ်ထူ ကိုယ်ထ လားခွတ်ရန်လေ့ စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်ကို စိုးရိမ်ကတ်ရသည်ဟု ဆိုသည်။
ယင်းကြောင့် အဆိုပါအဆောင်များ မိုးမကျခင်ပြုပြင်နိုင်ရန် သစ်၊ဝါးနန့်အုန်းများ အရေးတကြီး လိုအပ်နီသည်။
ယင်းဂဏန်းတောင် စစ်ဖီးယှောင်စခန်း၌ ခိုလှုံနီကတ်ရသူများမှာ ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာများဖြစ်သည့် ဆောင်းဒုံ၊ ဘုတ္တော၊ ကွမ်းအုံစု၊ ရွက်ညှိးတောင်စသည့် ကျေးရွာများမှ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နီရပ်စွန့်ခွာ ထွက်ဗြီးတိမ်းယှောင် လာကတ်သူများဖြစ်ဖြစ်ကြောင်း သိဟိရပါသည်။