
APM ၊ မာ့ချ် ၁၆ / ၂၀၂၃
ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောက်ခံသူများနန့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့မှ မာ့ချ် ၁၅ ရက်နိအထိ အီမရန်ခမ်းအား ထပ်မံဖမ်းဆီးရန် စီစဉ်နီခြင်းကို လာဟိုး အထက်တရားရုံးက ယာယီတားမြစ်လိုက်သည်။
အကျင့်ပျက်ခြစားမှုဖြင့် အမှုရင်ဆိုင်ရန် တရားရုံးချိန်းပျက်ကွက်ခသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ရဲအရာဟိများက မာ့ချ် ၁၄ရက်နိတွင် ၎င်း၏နီအိမ်၌ ဖမ်းဆီးရန်ကြိုးပမ်းစဉ် PTI ပါတီ အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်များအား အုတ်ခဲများ၊ကျောက်ခဲများနန့် ပစ်ပေါက်ကြပြီး ရဲများမှလေ့ မျက်ရည်ယိုဗုံးများ၊ ဓာတ်ငွိ့များ၊ မီးသတ်ပိုက်များနန့် တုံ့ပြန်ဖြိုခွင်းရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခခြင်းဖြစ်သည်။
ယင်းအပြင် သူ့အပေါ် ထောက်ခံသူများသို့ ဝန်ကြီးချုပ်ဟောင်းမှ အစိုးရကို ဆက်လက်တိုက်ခိုက်ရန် တိုက်တွန်းခပြီးနောက် မာ့ချ် ၁၅ ရက်နိ နိခင်းပိုင်းအထိ ရဲတပ်ဖွဲ့နန့် ဝန်ကြီးချုပ်ဟောင်း ထောက်ခံသူများအကြား ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်ပွားကာ နှစ်ဖက်လုံး၌ ဒဏ်ရာရသူအများအပြားဟိခသည်။
အလားတူ အစ္စလမ်မာဘတ်၊ပီရှာဝါ၊ ကရာချိနန့် ရာဝါပင်ဒီရို့ အပါအဝင် ပါကစ္စတန်ဟိ အဓိကမြို့ကြီးများတွင်လေ့ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခသည်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် သူတာဝန်ထမ်းဆောင်ခသည့် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အတွင်း ရဟိခသည့် နိုင်ငံတော်လက်ဆောင်များကို တရားမဝင်ရောင်းချမှုစွပ်စွဲချက်များနန့် တရားရင်ဆိုင်နီရပြီး အဆိုပါ စွပ်စွဲချက်များသည် လက်ဟိဝန်ကြီးချုပ် သျှာဘတ်ဇ်ရှရိဖ်က သူ့ကို နိုင်ငံရီးအရ ဓားစာခံလုပ်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုထားသည်။
Source – Imran Khan Arrest Live Updates: Temporary relief for ex-PM as Lahore court halts his arrest till 10 am today
Photo – AP
