
APM ၊ မာ့ချ် ၁၆ / ၂၀၂၃
မြန်မာ့ငြိမ်းချမ်းရီးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရာ၌ စစ်ကောင်စီကို တွန်းအားပီးရန် အာဆီယံ၊ ကုလမိတ် ဖက်နိုင်ငံများနန့် ပူးပေါင်းဆောင်ရွက်မည်ဟု စင်္ကာပူဝန်ကြီးချုပ် လီသျှင်လွန်းက မာ့ချ် ၁၆ ရက်နိတွင် ပြောကြား လိုက်သည်။
ဝန်ကြီးချုပ်လီသည် စင်္ကာပူသို့ရောက်နီသည့် အင်ဒိုနီးသျှားသမ္မတ ဂျိုကိုဝီဒိုဒို နန့်တွိဆုံစဉ်မှာ ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ မြန်မာ့အရေးနန့်ပတ်သက် ၍အာဆီယံ၏ ငြိမ်းချမ်းရီးအစီအစဉ် တိုးတက်မှုမဟိသည့်အပေါ် နောင်တရမိကြောင်းလေ့ သူကထည့်သွင်း ပြောကြားခသည်။
အင်ဒိုနီးသျှားနိုင်ငံအနီနန့် မြန်မာ့အကျပ်အတည်းကိုကူညီဖြေယှင်းနိုင်ရီးအတွက် မြန်မာပြည်မှ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးနန့် ဆွေးနွေးမှုများ လုပ် ဆောင်လျက်ဟိကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောဆိုထားသည်။
စင်္ကာပူခရီးစဉ်အတွင်း အင်ဒိုနီးသျှားသမ္မတနန့် စင်ကာပူဝန်ကြီးချုပ်ရို့သည် နှစ်နိုင်ငံအကြား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရီးကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူခကတ်ကြောင်းလေ့ သိဟိရသည်။
Source – Singapore to work with Indonesia, ASEAN, UN to push Myanmar peace plan
Photo – Reuters
