APM ၊ မာ့ချ် ၁၆ / ၂၀၂၃
ပလက်ဝမြို့နယ်တွင် ဒေရက်ပိုင်းအတွင်း ဆန်ဈီးနှုန်းများ အဆမတန် မြင့်တက်လာနီကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင်အယင် ဆန်ကြမ်း တအိတ်ကို ၅ သောင်းကျပ်မှ ဒေရက် ပိုင်းအတွင်း ၈ သောင်းနန့် ပေါ်ဆန်းမွှီး ဆန်တအိတ်ကို ၇ သောင်းကျပ်မှ ၁ သိန်းကျော်အထိ အသီးအသီးဈီးမြင့်တက်နီသည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ ဈီးနှုန်းများ မြင့်တက်လာခြင်းမှာ ပလက်ဝသို့ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော် ရီလမ်းကြောင်းတွင် မြန်မာစစ်တပ်မှ စစ်ဆီးမှုများ တင်းကျပ်ထားသည့်အပြင် ကုန်ပစ္စည်းများကိုလေ့ အကန့်အသတ်နန့်ရာ သယ်ယူခွင့်ပြုထားခြင်းကြောင့်ဟု ပြောဆိုကတ်သည်။
ယင်းအပြင် ယင်းသို့ စစ်ဆီးမှုများတင်း ကျပ်ထား၍ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုများလေ့နှောင့်နှေးနီကာ ကုန်ဈီးနှုန်းများ အဆမတန် ထိုးတက်လာနီပြီး ဒေသခံ လက်လုပ်လက်စားများမှာလေ့ အခက်အခဲများဖြင့် ရင်ဆိုင်နီရကြောင်း ဆို သည်။
ယင်း ပလက်ဝ-ကျောက်တော်ရီလမ်းကြောင်းကို ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်စဲပြီး နောက် ပိုင်း ပြန်ဖွင့်ပီးခကေလေ့ လက်ဟိအချိန်ထိ စစ်ကောင်စီ ဇက်ရီယာဉ်တခုတည်းရာဗြီးဆွဲခွင့်ရနီပြီး ပုဂ္ဂလိက စက်လှီများမှာမူ ဗြီးဆွဲခွင့် မရသိမ့်ကြောင်း သိဟိရသည်။