
APM၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၅
အင်းစိန်အကျဉ်းထောင်အတွင်းဟိ လွတ်ရက်စိ မူဆလင် ၉၃၆ ယောက်ကို ဒေနိ (ဖေဖော်ဝါရီ ၁၆ ရက်နိ)၊ မိုးထပိုင်းမာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ က ရက္ခိုင်သို့ပို့ဖို့အတွက် ခေါ်ထုတ်လားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရီးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “လွတ်ရက်စိပြီးသည့် မူဆလင်အမျိုးသား(၁၈)ဦးမှ လွဲ၍ ကျန်မူဆလင်အမျိုးသား( ၅၈၄)ဦး၊ အမျိုးသမီး(၂၆၇)ဦး၊အချေ(၆၇)ဦးရို့အား ဒေနိမိုးထ(၆)နာရီဝန်းကျင်အချိန်မှစ၍ အင်းစိန်အကျဉ်းထောင်မှတဆင့် စစ်တပ်နန့်ရဲတပ်ဖွဲ့မှ ခေါ်ထုတ်ခပြီး ရက္ခိုင်ပြည်၊ စစ်တွေကို ရီကြောင်းအသုံးပြု၍ ပို့ဆောင်လားမည်ဖြစ်ကြောင်း PPNM၏ အတည်ပြုထားမှု ထပ်တိုးရရှိချက်များအား အသိပေးအပ်ပါသည်” လို့ ဖော်ပြထားပါရေ။
စစ်ကောင်စီ၏ လဝက ဝန်ထမ်း ၅၀ ကျော်ရေ
ဖေဖော်ဝါရီ ၁၅ ရက်နိစွာ စနီရုံးပိတ်ရက်ဖြစ်နီကေလေ့ အဆိုပါမူဆလင်တိအတွက် အကျဥ်းထောင်သို့ လာပနာ အထောက်အထားကဒ်တိ ပြုလုပ်ပီးခရေလို့ ဆိုပါရေ။
PPNM က ရထားရေ အချက်အလက်တိအရ အကြမ်းဖက်စစ်ကောင်စီရေ လွတ်ရက်စိကာလ ကြာရေအထိ မူဆလင်တိကို မလွှတ်ပီးခရေအပြင် တချို့စွာ တနှစ်ခွဲကျော်အထိ ထပ်လို့ချုပ်နှောင်ခံခရရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အင်းစိန်အကျဉ်းထောင်က ခေါ်ထုတ်ခံရရေ မူဆလင်တိရေ အင်းစိန်ထောင်တခုတည်းကမဟုတ်ဘဲ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီလက်အောက်ဟိ အကျဉ်းထောင်အသီးသီးမာ ဖမ်းဆီးချုပ်နှောင်ခံခရစွာဖြစ်ပြီး ကုန်ခရေ ရက်တိအတွင်း သူရို့ကို အင်းစိန်ထောင်သို့ ပို့လိုက်ပနာ ဒေဂုပိုင် တစုတည်း ခေါ်ယူလားစွာလို့ သိရပါရေ။
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတိရေ ဖေဖော်ဝါရီ ၁၆ ရက်နိ၊ မိုးထ ၆ နာရီလောက်ကစလို့ လွတ်ရက်စိ မူဆလင်အချေတိ၊ အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၉၃၆ ယောက်ကို အင်းစိန်ထောင်ထဲက ခရီးသည်တင်ကားတိနန့် ခေါ်ထုတ်လားရေလို့ သိရပါရေ။
PPNM အနီနန့် ကနဦးရထားရေအချက်အလက်တိအရ ယင်းမူဆလင်တိကို ရှိတန်းသို့ ပို့ဖို့ စီစဉ်ထားလို့ အဂုပိုင် ခေါ်ထုတ်လားရေလို့ သိဟိထားပြီးကေ၊ နောက်ဆက်တွဲ အခြေအနီတိကို ဆက်လို့စောင့်ကြည့်ဖို့ အထူးလိုအပ်လျက်ဟိရေလို့ ထုတ်ပြန်ချက်မာ အသိပီးထားပါရေ။
Photo – PPNM
