
APM ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၅
မြေပုံမြို့နယ်မာ ဒေလအတွင်း ဒေသထွက် ငါးခြောက်တိ ရောင်းအားကောင်းလာပနာ စျီးကောင်းရနီရေလို့ ဒေသခံရီလုပ်သားတိက ပြောပါရေ။
ကုန်ခရေ လတိကဆိုကေ ငါးခြောက်တိလတ်ဆတ်ကေလေ့ ငါးကင်ကျိုင်းခြောက် တပိဿာကို ၁၈၀၀၀ ကျပ်၊ ငါးဂေါင်းကြီးခြောက်တပိဿာကို ၁၅၀၀၀ ကျပ်၊ ငါးညှီနံခြောက်တပိဿာကို ၁၆၀၀၀ ကျပ်၊ ငါးလျှာခြောက် တပိဿာကို ၁၅၀၀၀ ကျပ်အထိရာ စျီးရခပါရေ။
ဒေလအစပိုင်းကစပနာ ငါးကင်ကျိုင်းခြောက် တပိဿာကို ၂၂၀၀၀ ကျပ်၊ ငါးဂေါင်းကြီးခြောက်တပိဿာကို ၂၅၀၀၀ ကျပ်၊ ငါးညှီနံခြောက်တပိဿာကို ၂၃၀၀၀ ကျပ်၊ ငါးလျှာ တပိဿာကို ၂၅၀၀၀ ကျပ်အထိ စျီးရနီရေပိုင် တခြားငါးခြောက်တိလည်း စျီးကောင်းရနီရေလို့ မြေပုံမြို့နယ်၊ ထူးချေ(ပိုက်ဆိပ်)ရွာက ရီလုပ်သား တယောက်က Arakan Princess Media ပြောပါရေ။
“ကုန်ခရေ လတိကထက်စာကေ ဒေလကပိုလို့ စျီးကောင်းရရေ။ ရှိလတိကဆိုကေ ငါးခြောက်တိ လတ်ကေလေ့ စျီးမရ။ တပိဿာကိုမှ ၁၀၀၀၀၊ ၁၅၀၀၀ လောက်ရာ ရရေ။ ဒေလခါမှ ငါးခြောက်စျီးတိ ၂၀၀၀၀ ကနီ ၃၀၀၀၀ အထိကိုစျီးရနီရေ”
တချိန်တည်းမာ ရီလုပ်ငန်းအတွက် လိုအပ်တေ ငါးဖမ်းပိုက်၊ ပစ္စည်းကိရိယာတိနန့် ငါးဖမ်းလားဖို့ စက်လှီ အတွက် လိုအပ်တေ လောင်စာဆီတိမာ စရိတ်စကကြီးနီကေလေ့ လက်ဟိ ငါးခြောက်တိစျီးကောင်းရနီလို့ မိသားစု စားဝတ်နီရီးအတွက် အဆင်ပြေ ဖုံလုံနီရေလို့ ဆိုပါရေ။
ကုန်ခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာကစလို့ တကျော့ပြန်တိုက်ပွဲတိဖြစ်ပွားချိန်ကစပနာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ပင်လယ်ထွက် ငါးဖမ်းခွင့်ကို ပိတ်ပင်တားမြစ်လိုက်ပြီးနောက် အာရက္ခပြည်က ရီလုပ်သားအများစုမာ ရီလုပ်ငန်းကို စွန့်လွှတ်ပြီးကေ မိသားစု ဝမ်းရီးအတွက် ကြုံရာကျပန်း ဝင်လုပ်ပနာ ခက်ခက်ခဲခဲရုန်းကန်ဖြီယှင်းခရပြီးကေ၊ ဒေဂုခါမှ ရီလုပ်ငန်းတိ ပြန်လို့ နလံထူလာစွာ ဖြစ်တေလို့ သိရပါရေ။
ရီလုပ်ငန်းရေ အာရက္ခပြည်၏ စိုက်ပျိုးရီးလုပ်ငန်းပြီးကေ ဒုတိယအကြီးဆုံး စီးပွားရီးလုပ်ငန်းတခု ဖြစ်ပနာ မြေပုံ မြို့နယ်က ပြည်သူအများစုစွာ ရီလုပ်ငန်းနန့် အသက်မွီးဝမ်းကျောင်းပြုကတ်ပါရေ။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နိ၌ မြေပုံမြို့နယ်၊ ထူးချေ(ပိုက်ဆိပ်)ရွာ၏ ငါးခြောက်လုပ်ငန်း မြင်ကွင်း(Arakan Princess Media)။




