APM ၊ ဖေဖော်ဝါရီ ၁၆ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုရင်ဆိုင်နီရသည့် သံတွဲမြို့ နယ်မှ ရက္ခိုင်တေးရွီးဆရာတဦးဖြစ်သူ ဦးစန်းကိုအား အပြီးသတ်အမိန့်ချဖို့ကို လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
အမှုတွင် လိုပြသက်သီများအားလုံးကိုစစ်ဆီးပြီးဖြစ်၍ ဖေဖော်ဝါရီ ၁၅ ရက်နိ၌ သံတွဲမြို့နယ် တရားရုံး၌ ရုံးထုတ်ခကာ တရားရုံးမှအဆင်သင့်မဖြစ်သိမ့်ဟု အကြောင်းပြလျက် လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်းမိသားစုဝင်များက ဆို သည်။
ဦးစန်းကိုသည် သံတွဲမြို့နယ် ဆပ်လိုင်မျှော်ရွာတွင်နီထိုင်သူဖြစ်ပြီး၊ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နိ၌ င/ပလီအခြီစိုက် မြန်မာစစ်တပ် ခလရ (၅၅)တပ်ရင်းမှတပ်ဖွဲ့ ဝင်များကသူနီထိုင်ရာဆပ်လိုင်မျှော်ရွာဟိ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခသည်။
ယင်းနောက် သူ့ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု အတင်းအဓမ္မ မတရားလုပ်ကြံစွပ်စွဲကာပုဒ်မ ၁၇(၁) ဖြင့် ခလရ (၅၅) တပ်ရင်းမှဗိုလ်ကြီး ရဲလင်းထွန်း တရားလိုလုပ်၍ သံတွဲမြို့နယ်တရားရုံး၌ အမှုဖွင့်တရားစွဲဆိုခ သည်။
ဦးစန်းကိုမှာ ရက္ခိုင်တေးခြင်းများကို ရွီးစပ်နီသူ တေးရွီးဆရာတဦးဖြစ်သည့်အပြင် ဂျိတ္တော၌ ရခိုင့်အားမာန် နာမည်ဖြင့် ကားဂိတ်လုပ်ငန်း လုပ်ကိုင်နီသူဖြစ်ပြီး ဦးစန်းကိုအားမတရားဖမ်းဆီးပြီးနောက်ပိုင်း အဆိုပါ ရခိုင့်အား မာန်ကားဂိတ် ကိုပါ ဥပဒေမဲ့ ပိတ်ခိုင်းထားကြောင်း သိရသည်။