APM ၊ ဖေဖော်ဝါရီ ၁၆ / ၂၀၂၃
ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်တွင် မြန်မာပွဲစားတယောက် အသတ်ခံရမှု နန့်ပတ်သက်၍ မြန်မာပြည်သား ၄ ယောက်ကို ခရိုင်ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၁၅ ရက်နိတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကုန်ခသည့် ဖေဖော်ဝါရီ ၁၂ ရက်နိက ကိုဗိုလ်မိုးဟိန်း (၂၃နှစ်) ဆိုသူ မြန်မာပွဲစားသည် သူနီထိုင်သည့် ကွန်ဒိုအခန်းတွင် ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာများနန့် သီဆုံးခခြင်းဖြစ်သည်။
ယင်းအမှုနန့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခသူများဖြစ်သည့် ကိုစိုးနောင်(၂၄နှစ်)၊ ကို ဇင်မင်းဦး(၂၆နှစ်)၊ ကိုလှမြင့်သူ (၂နှစ်) နန့် ကိုပိုင်စိုး(၂၀နှစ်)ရို ၎င်းရို့တိမ်းယှောင်နိသည့် လာယောင်မြို့နန့် ဘန်ဖလီမြို့ရို့တွင် အသီးသီး ဖမ်းဆီး ရမိခသည်ဟု ဘန်ပူရဲစခန်းမှ ရဲမှူးကြီး Pisut Chantarasuwan က မီဒီယာများသို့ ပြောကြားထားသည်။
ဖမ်းဆီးခံထားရသူများကလေ့ အဆိုပါပွဲစားသည် အလုပ်ရှာပီးမည်ဟု ပြောဆိုကာ ကော်မသျှင်ခ ဘတ် ၁ သောင်း ယူထားပြီး အလုပ်မရှာပီးသဖြင့် စကားများရန်ဖြစ်ရာမှ ပြစ်မှုကျုးလွန်ခခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
လက်ဟိတွင် ၎င်းရို့ ၄ ယောက်အား ပူပေါင်းကြံစည်မှု၊ လူသတ်မှု၊ ခိုးမှုများနန့် စွဲချက်တင်ထားပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန်အတွက် ဘန်ပူနယ်မြီရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိဟိရသည်။
Photo – မြဝတီ-မဲဆောက်မီဒီယာ