APM ၊ ဒီဇမ်ဘာ ၁၆ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၆ ရက်နိ)၊ နိခင်း ၁၁ နာရီ ၁၅ မိနစ်လောက်မာ ပေါက်တောမြစ်ထဲ တောင်းဖူးသောင်ပြင်နားဟိ စစ်ကောင်စီ ဇက်စစ်ရီယာဉ် (ဗျ)က မြစ်ထဲလားလာနီရေ ဘုတ်တစီးကို စက်သီနတ်နန့် (၈) ချိန်းလောက်လှမ်းပစ်တေလို့သိဟိရပါရေ။
အပစ်ခံရရေ ဘုတ်ထက်မာ ပါလာရေ ခရီးသည်တိ ထိခိုက်ဒဏ်ရာရဟိမှုအနီအထားကိုတော့ APM က ဆက်လို့စုံစမ်းနီပါရေ။
အလားတူ ဒေနိ မိုးထ ၆ နာရီကလည်းကြိမ်နီပြင်(မူဆလင်) ရွာသားတယောက်စွာ ကြိမ်နီပြင်မှ ဇီးချိုမော်ကျေးရွာသို့ စပါးအငှားရိတ်ဖို့မြင့်ဂါကမ်းနားအတိုင်း ဟွန်ဒါချေနန့်လာချိန် ဇီးချိုမော်ပြားတောနားအရောက် ယင်းတောင်းဖူး သောင်ပြင်နားမာဟိရေ စစ်ကောင်စီဇက် စစ်ရီယာဉ် (ဗျ) က စစ်သား(၃)ယောက်စွာ စပီးဒ်ဘုတ်တစီးနန့်လာပြီးကေ ဟွန်ဒါကိုတန့်ခိုင်းပျာ ပါလာရေ ဓာတ်ဆီ (၂) လီတာ ကို အဓမ္မလုယူထားလိုက်ပနာ လူကိုလွှတ်ပီးလိုက်တေလို့ သိရပါရေ။
ယင်းစပါးရိတ်သားစွာ ဟွန်ဒါမာ ဆီပြတ်လားရေအတွက် ရီထဲဆင်းပနာ မြစ်ကမ်းနားယောင်အတိုင်း ဇီးချိုမော်ရွာသို့ တရောက် ဟွန်ဒါကိုတိုးလာခရရေလို့ဆိုပါရေ။
ဒေဂု ပေါက်တောမြစ်ထဲမာ စစ်ကောင်စီစစ်ရီယာဥ် (ဗျ) ၃ စီးနန့် ရှိဗြီးစပီးဒ်ဘုတ်ချေတစီစွာ နိခင်း ၁၁ နာရီ မိနစ် ၄၀ လောက်မာတော့ ဇီးချိုမော်မြစ်ဝသို့ဝင်လားရေလို့ ထပ်ဆင့်သတင်းရဟိပါရေ။