
APM ၊ ဒီဇမ်ဘာ ၁၆ / ၂၀၂၃
ဒီဇမ်ဘာ ၁၅ ရက်နိ၊ ညည့် ၁၂ နာရီလောက်က စစ်တွေမာ လက်နက်အပြည့်အစုံကိုင်ထားရေ ရန်သူ့လက်ကိုင်တုတ် အဖွဲ့ဝင်တိနန့် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတိပူးပေါင်းပနာ အပြစ်မဲ့အရပ် သားပြည်သူ (၃) ယောက်ကို ဖမ်းဆီးလားကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန် ပါရေ။
ထုတ်ပြန်ချက်မာ “ညက ညည့် ၁၂ အချိန်တွင် ရက္ခိုင်ဒေသတွင်း မိမိရို့နန့်ပြည်သူလူထုအား ဒုက္ခပီးလျက်ဟိရေ ရန်သူ့လက်ကိုင်တုတ် အဖွဲ့ဝင်များနန့် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးများက စစ်တွေမြို့၊ နာဇီရပ်ကွက်နီဒေသခံ (၃) ဦးအား လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ဖမ်းဆီးလားခသည် လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၅ ရက်နိ၊ ညည့် ၁၀ နာရီမာလည်း စစ်ကောင်စီ ၏ စစ်ဖက် ရဲဖက်ဆိုင်ရာတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်စွာ သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ ကွက်သစ်သို့ ကားကြီး (၁) စီး၊ အိမ်စီးကား (၁) စီးနန့် လာရောက်ပြီးကေ ရပ်ကွက်နီ ဒေသခံနှစ်ယောက်၏ နီအိမ်သို့ အဓမ္မဝင်ရောက်ဖမ်းဆီးပနာ ငပလီ ခလရ (၅၅) တပ်ရင်းသို့ ခေါ်ယူလားခရေ လို့ ဆိုပါရေ။
ပေါက်တောမှာလည်း ဒေနိမိုးထ ၆ နာရီအချိန်က ဇီးချိုပြင်ကျေးရွာသို့ ပေါက်တောမြစ်တွင်း ဟွန်ဒါနန့် ရီးကြောင်း ခရီးလားရေလာကြိမ်နီပြင် (မူဆလင်) ရွာ သားတယောက်စွာ မြစ်နန့်အနီးအနားရွာတရွာဖြစ်တေ တောင်းဖူးရွာနားသို့ အရောက်မာ စစ်ကောင်စီဇက်သင်္ဘော(ဗျ) က တပ်ဖွဲ့ဝင် (၃) ယောက်၏ စက်လှီရပ်တန့်ပနာ ဓါတ်ဆီ (၂) လီတာကို အတင်းအဓမ္မလုယူခြင်း ခံခရရေပိုင် နိခင်း ၁၁ နာရီ ၁၅ မိနစ်အချိန်မာကလည်း ယင်းတောင်းဖူးရွာနားက ဇက်သင်္ဘော (ဗျ) က စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ မြစ်တွင်း ရီးကြောင်းခရီးလားလာနီရေ ဒေသခံဘုတ်တစီးကို စက်သီနတ်နန့် (၈) ကြိမ် ရမ်းကားပစ်ခတ်ခရေလို့ သိရပါရေ။
ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ဟိစစ်ကောင်စီ အခိုင်အမာစခန်းချထားရေ ဗျူဟာကုန်းကို ဒီဇမ်ဘာ (၁၄) ရက်နိမာ ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်ခပြီး၊ ဒေနိခါ စစ်ကောင်စီစွာ လက်နက်ကြီး၊ လီကြောင်း ပစ်ကူ အမြောက်အမြားနန့် အပြင်းအထန်ခုခံစစ် သုံးခလို့ ဆမီး ဒေသခံတိအားလုံးနီးပါး တိမ်းယှောင်ထွက်ဗြီးနီရရေလို့လည်း ဖော်ပြထားပါရေ။
ပေါက်တောမြို့မာ အယင်ရက်တိနည်း တူ ဒေနိမာလည်း စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော် (AA)ရို့ ကြား မြို့တွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနီခပြီးကေ စစ်ကောင်စီ၏ စစ်တွေအခြီစိုက် အမှတ် (၁၂) ရဲတပ်ရင်းကလည်း ပေါက်တောမြို့ကို လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်မှုတိ ဆက်ဟိနီတုန်းဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
