
APM ၊ ဒီဇမ်ဘာ ၁၆ / ၂၀၂၃
ပြီးခရေ ဒီဇမ်ဘာ ၁၅ ရက်နိ ညည့်က သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက် (ကွက်သစ်)က အပြစ်မဲ့ဒေသခံပြည်သူ ၂ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလားရေလို့သိရပါရေ။
ဖမ်းဆီးခံရလူတိစွာ ငပလီမြို့၊ မြပြင်ရပ်ကွက် (ကွက်သစ်)က ဦးစည်သူ နန့် ဦးသိန်းမောင်ရို့ဖြစ်ကတ်ပါရေ။
“ဒီဇမ်ဘာ ၁၅ ရက်နိ၊ ညည့်၁၀ နာရီလောက်မာ စစ်ကောင်စီတပ် ခလရ(၅၅) ကတပ်ဖွဲ့ဝင်တိနန့်ရဲသားအင်အား စုစုပေါင်း ၁၅ ယောက်လောက်က ကား ၂ စီး နန့် မြပြင်ရပ်ကွက်(ကွက်သစ်)သို့ လာရောက်ပနာ ဦးစည်သူ နန့် ဦးသိန်းမောင်ရို့ ၂ ယောက်ကို နီအိမ်အတွင်းသို့ဝင်ရောက်ဖမ်းဆီးလားခရေ”လို့ ဒေသခံတိက ပြောပါရေ။
ယင်းနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဦးစည်သူ ၊ ဦးသိန်းမောင်ရို့ ၂ ယောက်ကို ငပလီအခြီစိုက် ခလရ(၅၅) တပ်ရင်း ထဲသို့ခေါ်ယူလားခကြောင်းသိဟိရပါရေ၊၊
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ တကျော့ပြန်တိုက်ပွဲတိဖြစ်ပွားခရာ တိုက်ပွဲကာလတလျှောက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူတိကို ဖမ်းဆီးနီပြီးကေ နိုဗမ်ဘာ ၁၃ ရက်နိကပင်ဒေနိအထိ ရက္ခိုင်ပြည်အနှံ့ကစစ်ကောင်စီ မတရား ဖမ်းဆီးထားရေ အပြစ်မဲ့ ရက္ခိုင်ပြည်သူစုစုပေါင်း ၂၈၀ ကျော်ဟိလာယာ ဖြစ်ပါရေ။
