APM ၊ နိုဗမ်ဘာ ၁၆ /၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၆ ရက်နိ) ညဇာမာ စစ်ကောင်စီပစ်သတ်လို့ သီဆုံးခရရေ ပေါက်တောမြို့ခံ အရပ်သားပြည်သူရို့အတွက် များစွာဝမ်းနည်းရပြီးကေ ကျူးလွန်ရေလူတိကို လက်တုံ့ပြန် တိုက်ခိုက်လားဖို့လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် ULA/AA က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “စစ်ကောင်စီစွာ ဒေနိညဇာပိုင်းက ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ပနာ အရပ်သားတိကို သတ် ဖြတ်ပြီးကေ စစ်ရာဇဝတ်မှုကို ကျူးလွန်ခပါရေ။ စစ်ကောင်စီပစ်သတ်လို့ သီဆုံးခရရေ ပေါက်တောမြို့က အရပ်သားပြည်သူရို့အတွက် များစွာဝမ်းနည်းရပြီး၊ အဆိုပါကိစ္စကို ကျူးလွန်ရေ လူတိကို မိမိရို့အနီနန့် လက်တုံ့ပြန် တိုက်ခိုက်လားဖိုဖြစ်ပါရေ လို့ဖော်ပြထားပါရေ။
ဒေနိ နိခင်းပိုင်းကလည်း စစ်ကောင်စီစွာ ပေါက်တောမြို့နန့် နီရာအနှံ့အပြားကို ဟတ်စကီး (၁) စီးနန့် လာရောက်ပစ်ခတ် တိုက်ခိုက်ခရေပိုင် စစ်သင်္ဘောတိထက်ကလည်း လက်နက်ကြီးတိနန့် ယမ်းသန်းပစ်ခတ်တိုက်ခိုက်ခကြောင်း ULA/AA ကဆိုပါရေ။
ဒေနိမိုးထ ၁၂ နာရီ ၂၁ မိနစ်အချိန်က ပေါက်တော မြို့မရဲစခန်းတခုလုံးကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ပြီးကေ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နန့် စစ်ဖက်၊ ရဲဖက်ဆိုင်ရာ စာရွက်စာတမ်းတိကို သိမ်းဆည်းရမိခကေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ပေါက်တောမြို့မရဲစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံရေလူတိကို အသက်ချမ်းသာပီးပြီးနောက် တယောက်စီကို ခရီးစရိတ် (၁၀) သိန်းစီပီးပနာ သူရို့ လားချင်ရေနီရာတိသို့ လုံလုံခြုံခြုံ ပို့ပီးထားရေလို့ ဆိုပါရေ။
ပလက်ဝမြို့နယ်အတွင်းဟိ စစ်ကောင်စီ၏ အခိုင်အမာနီရာယူထားရေ တရွန်အိုင်ဗျူဟာ”နန့် “နှုံးဘူးဗျူဟာ အထိုင်ချ ဗျူဟာတပ်စခန်းနှစ်ခုကိုလည်း ရက္ခိုင့်တပ်တော်က မိုးသည်းထန်စွာ ရွာသွန်းမှုအောက်မာတတိယနိအဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နီရေပိုင် ဒေနိ မိုးထ ၁၀ နာရီလောက်ကလည်း မောင်တောမြို့နယ်၊ “ဒုံးညို” စခန်းကို မိုးသည်းထန်စွာ ရွာသွန်းနီရေကြားက ထိုးစစ်ဆင် တိုက်ခိုက်ခကြောင်း သိရပါရေ။
ဒုံးညို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစွာ ဂျက်တိုက်လီယာဉ် တစီးနန့် နိခင်း ၁၂ နာရီ (၂၀) မိနစ်ကစတင်ပြီးကေ သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
ဒေနိတရက်တည်းမာ ရက္ခိုင့်တပ်တော်စွာ “တရွန်အိုင်ဗျူဟာ”၊ “နှုံးဘူးဗျူဟာ နန့် “ဒုံးညို” စခန်း နီရာ (၃) နီရာမာ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့လည်း ULA/AA၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။