APM ၊ နိုဗမ်ဘာ ၁၆ / ၂၀၂၃
ဒေနိ ညဇာ ၃ နာရီက စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော် AA ကို တိုက်ဖို့အတွက် စစ်တွေက ပလိပ် ၆၈ ကောင်ကို လက်နက်အပြည့်အစုံတပ်ဆင်ပနာ ရွှီပြည်တန်အမြန်ရီယာဉ်နန့် ပေါက်တောမြို့သို့ ပို့လိုက်ကြောင်းသိရပါရေ။
လက်ဟိမာ စစ်ကောင်စီစွာ ပေါက်တောမြို့ကို ကြည်း၊ ရီ၊ လီ အားလုံးနန့် ထိုးစစ်ဆင်နီပြီးကေ ပြည်သူတိကို မြို့ကထွက်လားကတ်ဖို့ မောင်းထုတ်နီရေလို့ ဆိုပါရေ။
မြို့ထဲကျန်နီခရေလူတိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိက လိုက်လံပစ်သတ်နီရေလို့လည်း အတည်မပြုနိုင်သိမ့်ရေသတင်းတိ ထွက်ပေါ်နီပါရေ။
Please follow and like us: