APM၊ ဂျန်နဝါရီ ၁၆/၂၀၂၄
ဂျန်နဝါရီ၁၅ရက်နိညည့်က အကြမ်းဖက်စစ်ကောင်စီတပ် ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ယမ်းကား ပစ်ခတ်မှု ကြောင့် ဘူးသီးတောင်မြို့နယ်၊ ဆင်သီပြင်(မူဆလင်) ရွာက အသက် ၇ နှစ်အရွယ် မမာ့ချေတယောက်နန့် အသက် ၆၀ အရွယ် အမျိုးသမီးတယောက် ဂွင်ချင်း သီဆုံးလားခပြီးကေ နောက်ထပ်လည်း အသက်မပြည့်သိမ့်ရေ အချေ ၂ ယောက် ထိခိုက်ဒဏ်ရာတိ ရလားခရေလို့ သိရပါရေ။
လက်နက်ကြီးကျည်စထိမှန် သီဆုံးလားခရေ နှစ်ယောက် ကတော့ ဘူးသီးတောင်မြို့နယ်၊ ဆင်သီပြင်(မူဆလင်)ရွာက အဖ အာမာနူလ္လာ၏ သမီး ဟာမီဒါ(၇နှစ်)နန့် အဖ အဒူကော်လီ၏ သမီး အဇော်လီ (၆၀နှစ်) ရို့ ဖြစ်ကတ်ပါရေ။
ယင်းအပြင် ဆင်သီပြင်က အဖ ဂူရာမျှာ၏သား မာမာတ်ရော်ဖီး(၁၆နှစ်)နန့်အဖဟာမိန့်တာ၏သမီးနိုရ်ကီရာ(၉နှစ်) ရို့လည်း ထိခိုက်ဒဏ်ရာတိ ရလားခပါရေ။
ဂျန်နဝါရီလ ၁၅ ရက်နိ၊ ညည့် ၈ နာရီ ၂၀ မိနစ်မာ ဘူးသီးတောင် အခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ်၊ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်း အခြီပြုနီရေ
စံဂိုးတောင်တပ်စခန်းနန့် နွားရုံတောင်တပ်စခန်းရို့က ဆင် သီပြင်ရွာကို လက်နက်ကြီးတိနန့် (၉)ကြိမ်တိုင်တိုင် ယမ်းကား ပစ်ခတ်ခပါရေ။
ညည့် ၈ နာရီ၊ မိနစ် ၂၀ လောက်မာ စစ်ကောင်စီတပ်၊ စံဂိုး တောင်တပ်စခန်းက ပစ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ ဆင်သီပြင်ရွာသို့ ကျရောက် ပေါက်ကွဲခပါရေ။
ဆင်သီပြင်ရွာသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဟာမီဒါ၏ဝမ်းကို ကျည်စဖောက်ဝင်လားပြီးကေ အဇော်လီမာတော့ ဘယ်ဖက်ရင်အုံကို ကျည်စတိဝင်လားပနာ နီရာမာပင် ဂွင်ချင်း သီဆုံးလားခရပါရေ။
အလားတူ မာမာတ်ရော်ဖီး၏ဂေါင်း နန့် နိုရ်ကီရာ၏ ဘယ် ဖက်လက်မောင်းရို့မာလည်း ဒဏ်ရာတိ အသီးသီးရလားကတ်ကြောင်း သိဟိရပါရေ။