
APM ၊ ဂျန်နဝါရီ ၁၆ / ၂၀၂၃
ရက္ခိုင်ပြည်မှထွက်သည့်အရည်အသွီးမြင့်ဆားများကို ဒေနှစ်အတွင်း ရက္ခိုင်၏ အိမ်ပါးချင်းနိုင်ငံတနိုင်ငံဖြစ်သည့်
ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တင်ပို့လားမည်ဟု သိရသည်။
ကုန်ခရေ ၂၀၁၂ ခုနစ်မှစ၍ ၁၀ စုနှစ်တခုကာလအတွင်း ရက္ခိုင်ပြည်က ဘင်္ဂလားဒေ့ချ်သို့ ဆားတင်ပို့မှု ရပ်ဆိုင်း ခရပြီး ဒေနှစ်မှစ၍ တင်ပို့လားမည်ဖြစ်သည်။
လက်ဟိတွင် ဆားတင်ပို့နိုင်ရန်အတွက် ရက္ခိုင် နန့် ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ ကုန်သည်များ ဆွေးနွေးဆောင်ရွက် ထားဟိပြီး၊ ဘင်္ဂလားဒေ့ချ်နိုင်ငံအစိုးရမှ ၎င်းရို့၏ ကုန်သည်များအား လိုင်စင်ထုတ်ပီးပြီးသည့်နန့်တပြိုင်နက် ချက်ချင်း တင်ပို့လားမည်ဟု ရက္ခိုင်ပြည် ဆားလုပ်ငန်းသျှင်များအသင်းမှ ဆိုသည်။
ယင်းသို့ တင်ပို့ရာ၌ ဆားအရည်အသွီးပေါ်မူတည်ပြီး တင်ပို့ရမည်ဖြစ်သဖြင့် ဆားတန်ချိန် ဇာလောက်တင်ပို့ နိုင်မည် ကို အတိအကျ မပြောနိုင်သိမ့်ဟု ဆိုသည်။
ရက္ခိုင်ပြည်တွင် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ သံတွဲနန့် ဂွမြို့နယ်ရို့၌ ဆားလုပ်ငန်းကို လုပ်ကိုင် ကတ်ပြီး၊ ဆားလုပ်ကွက် ဧကပေါင်း ၃ ထောင်ကျော်ခန့်ဟိကြောင်း သိဟိရသည်။
Photo – DMG
