APM ၊ အောက်တိုဘာ ၁၅/၂၀၂၂
တောင်ကုတ်တွင် အောက်တိုဘာ ၁၄ တရက်တည်းမှာ တောင်ကုတ်မြို့ခံ ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး ခေါ်ဆောင်လားခကြောင်း သိရသည်။
အဖမ်းခံရသူ၆ယောက်မှာ တောင်ကုတ်မြို့၊ ချောင်း ကောက်ရပ်ကွက်မှ ဦးသန်းငွေ၊ ကံပိုင်ရပ်ကွက်မှ ဦးကျော်ရင်၊ ဦးကျန်အောင်၊ ဦးကြာနီအောင်၊ဦးတင်ဖေနန့် ဂူတာရပ်ကွက်မှဦးသန်းနု ရို့ ဖြစ်ကတ်သည်။
အဖမ်းဆီးခံရသူများမှာ နိုင်ငံရီးနန့်ပတ်သက်မှုမဟိသော သာမန်အရပ်သား စီးပွားရီးလုပ်ငန်းသျှင်များဟု ဒေသခံများက ဆိုသည်။
သူရို့၆ ယောက်စလုံးကို အောက်တိုဘာ ၁၄ ရက်နိ နိခင်း ၁၂ နာရီ ခန့်တွင် တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် စကခ(၅)မှ အရပ်ဝတ်နန့် တပ်ဖွဲ့ဝင်များက နီအိမ်အသီးသီးသို့ ဝင်ရောက်ကာ ဖမ်းဆီးလားခခြင်းဖြစ်သည်။
ယင်းနောက် စကခ(၅) အတွင်းသို့ ခေါ်ယူလားကာ စစ်ကြောမှုများပြုလုပ်ပြီးနောက် ဦးကျော်ရင်နန့် ဦးတင်ဖေ ရို့ ၂ ယောက်ကို အောက်တိုဘာ ၁၄ရက်နိ ညည့် ၈နာရီခန့်တွင် ပြန်လွှတ်ပီးလိုက်ပြီး၊ ကျန် ၄ ယောက်ကိုတော့ လက်ဟိ အချိန်ထိ ပြန်မလွှတ်ဘဲ ဆက်ဖမ်းထားသိမ့်ကြောင်း သိရသည်။
ကုန်ခသည့် စက်တမ်ဘာ ၆ ရက်နိမှ အောက်တိုဘာ ၁၄ ရက်နိအထိ တောင်ကုတ်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၂၆ ယောက်ထက်မနည်း ဟိကြောင်းလေ့ သိဟိရသည်။
