APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၂
မြန်မာပြည်တွင် ၂၀၂၂ခုနှစ် တနှစ်တာ ကာလအတွင်း ကာလတန်ဖိုး ကျပ်ငွေ ၁၀၆၉ ဒသမ ၉၄ဘီလီယံကျော်တန်းဖိုးဟိ မူးယစ်ဆီးဝါးများကို စံချိန်တင်ဖမ်းဆီးရမိခကြောင်း စစ်ကောင်စီ၊ ပြည်ထဲရီးဝန်ကြီးမှ ပြောကြားသည်။
ဒီဇမ်ဘာ၁၄ရက်နိက နေပြည်တော်၊ မူးယစ်ဆီးဝါးနန့် စိတ်ကိုပြောင်းလဲစီတတ်သည့် ဆီးဝါးများအန္တရာယ်မှ တားဆီးကာကွယ်ရီးဆိုင်ရာ အစည်းအဝေးတွင် စစ်ကောင်စီ ပြည်ထဲရီးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
မူးယစ်ဆီးဝါး ဖမ်းဆီးရမိမှုမှာ အရေအတွက် အားဖြင့် ၆၂၇၆ မှု ဟိခသည်ဟု ၎င်းက ဆိုပါသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆီးဝါးများထဲတွင် ဘိန်း ၁ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆီးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၄ တန်ကျော် အပါအဝင် တခြားမူးယစ်ဆီးဝါးများ၊ မူးယစ်ဆီးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ပါဝင်သည်ဟု စစ်ကောင်စီ၊ပြည်ထဲရီးဝန်ကြီးက ပြောကြားလားခသည်။