
APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၂
မြန်မာစစ်တပ်ဖမ်းယူလားခသည့် ကျောက်ဖြူမြို့မှ ဦးကျော်လှအောင်မှာ ၁ လကျော်ကြာ လာသည့် လက်ဟိအချိန်ထိ မိသားစုဝင်များနန့် အဆက်အသွယ်မရဘဲ လုံးဝ ပျောက်ဆုံးနီကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ စေတီတောင်ရပ် ကွက်၊ မြို့ပတ်လမ်းနီ ဦးကျော်လှအောင်(၄၂နှစ်)ကို ကုန်ခသည့် နိုဗမ်ဘာ ၁၁ ရက်နိက ကျောက်ဖြူမြို့၊ အရှိပိုင်းရပ်ကွက်၊ဖြတ်လမ်း(၆) ဟိ နဒီထွန်းစားသောက်ဆိုင်၌ ကျောက် ဖြူအခြီစိုက် မြန်မာစစ်တပ်ခလရ (၃၄)တပ်ရင်းမှတပ်ဖွဲ့ဝင်များက ဆိုင်အတွင်းသို့ ဝင်ရောက်ကာဖမ်းဆီးလားခသည်။
ဦးကျော်လှအောင် အဖမ်းခံထားရသည်မှာ ၁ လကျော်ကြာလာကေလေ့ ဒေနိအချိန်ထိ တရားရုံးထုတ်ခြင်းလေ့မဟိ၊ ရဲစခန်းသို့လေ့ မအပ်၊ ထောင်ချုပ်သို့လေ့ မရောက်ဘဲ မိသားစုနန့် အဆက်အသွယ်မရ၊ သတင်းအစအန လုံးဝ ပျောက်ဆုံးနီသည်။
ဦးကျော်လှအောင်ကို ဖမ်းဆီးစဉ်ကလေ့ ယင်းခလရ (၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လူမဆန်စွာ ရိုက်နှက် နှိပ်စက်လျက် တပ်ရင်းထဲသို့ ဆွဲခေါ်လားခကြောင်း မျက်မြင်မြို့ခံများက ပြောသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ပြည် မြို့နယ် အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ အပါအဝင်အလွှာစုံမှ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခပြီး၊ ၎င်းရို့ဖမ်းဆီးထားသူများထဲမှ တချို့ကို မတရားအသင်းအက် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကာ တချို့မှာလေ့ မိသားစုများနန့် အဆက် အ သွယ်မရသိမ့်ဘဲ လက်ဟိအချိန်ထိပျောက်ဆုံးနီကြောင်း သိရသည်။
