
APM၊ ဒီဇမ်ဘာ ၁၅/၂၀၂၂
မြန်မာစစ်တပ်ဖမ်း၍ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ရို့နန့်တရားစွဲထားသည့် ပလက်ဝမြို့ခံညီအစ်ကိုနှစ်ယောက်ကို ဒီဇမ်ဘာ ၁၂ ရက်နိနန့် ၁၄ ရက်နိ၌ ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်သည်။
ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသည့် ညီအစ်ကိုနှစ်ယောက်မှာ ဦးဦးစောလှ (၃၀ နှစ်)နန့် ကိုခိုင်ဆန်းဖြိုး(၂၅ နှစ်) ရို့ဖြစ်ကတ်သည်။
ဦးဦးစောလှကိုကုန်ခသည့် အောက် တိုဘာ ၁၃ ရက်နိက ပလက်ဝအခြီစိုက် မြန်မာစစ်တပ် ခလရ(၂၈၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခပြီး ပုဒ်မ ၅၀၅ (က)ဖြင့် ပလက်ဝ မြို့ နယ်တရားရုံး၌ တရားစွဲဆိုကာ ဒီ ဇမ်ဘာ ၁၂ရက်နိမှာပလက်ဝတရား ရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခသည်။
ကိုခိုင်ဆန်းဖြိုးကိုတော့ အောက်တို ဘာ ၁၄ရက်နိက ခလရ(၂၈၉) တပ် ရင်းမှ တပ်ဖွဲ့ဝင်များ နီအိမ်သို့လာရောက် ဖမ်းဆီးကာ ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုပြီး၊ ဒီဇမ်ဘာ ၁၄ ရက်နိမှာ ပလက်ဝတရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခသည်။
လက်ဟိတွင် သူရို့နှစ်ယောက်ကို ပလက်ဝ-ကျောက်တော် ဇက်ရီယာဉ်ဖြင့် စစ်တွေအကျဉ်းထောင်သို့ ခေါ်ဆောင်လားကြောင်း သိရသည်။
