
APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၂
မြန်မာပြည်တွင် NLD အစိုးရလက်ထက်က ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခသည့် ဦးဘိုဘိုငယ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရီးဥပဒေ အပါအ၀င် ပုဒ်မ၂ ခုနန့် ဒီဇမ်ဘာ ၁၃ ရက်နိမှာထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။
ဦးဘိုဘိုငယ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နိက စစ်ကောင်စီမှဖမ်းဆီးခပြီး၊ အဂတိတိုက်ဖျက်ရီးကော်မသျှင်မှ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ နန့် တရားစွဲဆိုပြီးနောက် အဂုပိုင်ထောင် ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဦးဘိုဘိုငယ်သည် ၂၀၁၈ မှ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားငွေကြေးလွှဲပြောင်းရာ၌ ကြီးကြပ်မှု အားနည်း၍ ငွေကျပ် ၁၀၂သန်းကျော် နစ်နာခရကြောင်း၊ Open society Myanmar-OSM ငွေစာရင်းတွင် ငွေကျပ်သန်း ၃၆၀ကျော် ဆုံးယှုံးခရကြောင်း၊ ချီးငွေမှရထားသည့် ငွေကြေးများကို အတိုးပိုရသည့်ဘဏ်တွင်မအပ်ဘဲ ၎င်းတဦးတည်း ဆုံးဖြတ်ကာ စင်ကာပူမှ SMBC ဘဏ်တွင် အပ်နှံခ၍ ငွေကျပ် ၆၆၅ သန်း နစ်နာဆုံးယှုံးခရသည့်အတွက် အဂတိလိုက်စားမှုနန့် တရားစွဲဆိုခခြင်း ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
