
APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၂
ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို နှစ်ကြိမ် ဆက်တိုက် တက်နိုင်အောင် ကြိုးပမ်းရသည်မှာ မလွယ်ကူဟုပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်စ်က ပြောဆိုလိုက်သည်။
“ကျနော်ရို့က ကဇတ်သမားတိနန့်တတူ အချိန်တလကြာရေအထိ လိကျင့်ခရစွာက မလွယ်ကူပါ။ အဂုအချိန်မှာဆိုကေ ယင်းအရာတိက ပျော်ရွှင်စရာတိ ဖြစ်လာပါဗျာယ်။ ကျနော်ရို့လိုချင်ရေပန်းတိုင်ကို အရောက်လားဖို့အတွက် ဆိုးရွားရေ အခိုက်အတန့်ကိုလေ့ ဖြတ်ကျော်ရပါဖို့”လို့ ဒက်ချမ့်ပ်စ်က ပြောသည်။
“ဒေဂုချိန်မှာ အိမ်မက်တိက လက်တွိဖြစ်လာပါဗျာယ်။ ဒေထက်မက ဆုဖလားကို ပိုပြီးကေ ယူချင်ပါရေ။ ပြင်သစ်တနိုင်ငံလုံးကလေ့ ကျနော်ရို့နောက်မှာ ဟိနီပါရေ”လို့ ဒက်ချမ့်ပ်စ် က ဆိုသည်။
လက်ဟိ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည် လာမည့် ဒီဇမ်ဘာ ၁၈ ရက်နိ ကမ္ဘာ့ဖလား ဗိုလ်လု ပွဲမှာ အာဂျင်တီးနားအသင်းနန့်ယှဉ်ပြိုင်ကဇတ်ရမည်ဖြစ်သည်။
